Features

ကျိုက်မရောပျားတောင်က ဘ၀များ

ဆိုင်ကယ်ကို မွန်စာသင်ကျောင်းမရောက်ခင်ရပ်ပြီး ပျားတောင်တန်းကိုကြည့်ရင်းဟာ ပျားတောင်က ဟိုတစ်ခေါက်လာတာထက် တစ်ဝက်လောက် ပြတ်ဆင်းသွားပါလားဟု မွန်ထော်ကို ပြောမိပါတယ်။ ဟုတ်တယ် မယုံနိုင်စရာပဲလို့ြုပန်ပြောပါတယ်။

တစ်လောက ဘိလပ်မြေစက်ရုံ တာဝန်ရှိသူတွေက ရွာသားတွေနဲ့တွေ့တုန်းက ပျားတောင်ကို ဖရဲသီးခွဲသလို အလယ်ကနှိုက်ပြီး အပြင်က အစိမ်းရောင်မပျက် အပင်တွေရှိနေမယ်ဆိုတာ အခုကဘာဖြစ်လို့ ဆက်ပြီးဖြိုချနေသလဲလို့ မွန်ထော်က ပြန်ပြောပါတယ်။

အက္ခရာစာလုံးတွေရဲ့ ကျေးဇူး

ဒီရက်ပိုင်းအတောအတွင်းတွေမှာ ကျွန်တော့်မှာ ဘာမှထွေထွေထူးထူး အလုပ်မရှိ၍ အားလပ်ချိန်တွေက များနေသည်။ မနက်လင်းတာနှင့် ဈေးကိုလိုက်သွားပြီး ဆိုင်ဖွင့်၊ ဆိုင်ခင်း၊ ၀ိုင်းကူလုပ်ပေးပြီးတာနဲ့ လက်ဖက်ရည်ဆိုင် ခဏထွက်ထိုင်သည်။ ပြီးတာနဲ့ ဆိုင်ဘက်ပြန်သွား၊ ဈေးဝိုင်းရောင်းရသည်။ မနက်ပိုင်းမှာက ဒါပဲ ကျွန်တော့်အလုပ်ရှိသည်။ နေ့လယ်ပိုင်း ရေမိုးချိုး၊ ထမင်းစားပြီးတာနဲ့ ကျွန်တော့်မှာ ဘာအလုပ်မှ ထွေထွေထူးထူး မရှိတော့ပေ။ ထိုအချိန်တွင် ကျွန်တော်က စာဖတ်ခြင်းအလုပ်ကိုပဲ အလုပ်အကိုင်တစ်ခုလို ဇောက်ချလုပ်ဖြစ်သည်။ ကျွန်တော်ဝယ်ထား၊ စုထားမိတဲ့ စာအုပ်တွေကို တစ်နေ့ကို တစ်အုပ်နှုန်း ကျကျနန ဇိမ်ခံပြီးဖတ်သည်။ သုတ၊ ရသ၊ ၀တ္ထု၊ ကဗျာ စသည

ပညာရေးပြုပြင်ပြောင်းလဲလိုသည်များ

(၁)

One child, one teacher, one vote can change the world. Education is the only solution.
Malarla

ကလေးတစ်ယောက်၊ ဆရာတစ်ယောက်၊ မဲတစ်မဲဟာ ကမ္ဘာကြီးကို ပြောင်းလဲစေနိုင်တယ်။ ပညာရေးဟာ တစ်ခုတည်းသောအဖြေပါပဲ။
မာလာလာ

ဒါကိုပြောသူက မာလာလာဖြစ်သည်။ ပြောတဲ့နေရာက ကုလသမဂ္ဂခန်းမမှာပါ။ ၂၀၁၄ ခုနှစ်က သူမဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ပိုင်ရှင်ဖြစ်သည်။ ကမ္ဘာ့အငယ်ဆုံး နိုဘယ်ဆုပိုင်ရှင်ပါပဲ။ ပါကစ္စတန်သူပါ။ သူမသည် မိန်းကလေးတွေ ပညာသင်ကြားရေးမှာ ရှေ့တန်းက ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၂၀၁၂ ခုနှစ် ၁၄ နှစ်အရွယ်မှာ ကျောင်းကအပြန် တာလီဘန်များ ကျောင်းကားပေါ်တက်လာသည်။

ငြိမ်းချမ်းသော ဘ၀မျှော်လင့်ချက်

သူသူကိုယ်ကိုယ် လူရယ်လို့ဖြစ်လာရင် ကိုယ့်မိသားစုနဲ့အတူ ကိုယ့်အိမ်၊ ကိုယ့်ရာ၊ ကိုယ့်ပတ်ဝန်းကျင်မှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးချမ်းသာယာစွာ နေချင်ကြမှာ ဖြစ်ပါတယ်။ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်ရပ်ကွက်အတွင်း အပူအပင်ကင်းကင်း၊ စိုးရိမ်ကြောင့်ကြမှုကင်းစွာ နေချင်ကြပေမယ့် နေ့နေ့ညည ရာဇ၀တ်မှု ထူပြောလာပြီး ဘ၀လုံခြုံမှု ကင်းမဲ့လာတဲ့ အနေအထားတွေကြောင့် အိမ်တံခါးပိတ်၊ ခြံတံခါးပိတ်နေရတဲ့ အဖြစ်မျိုး ကြုံတွေ့နေရတာဟာ လုံခြုံရေး အပြည့်အ၀နဲ့ ခြံဝင်းကြီးတွေ၊ အုတ်နံရံမြင့်မြင့်ကြီးတွေ မပိုင်ဆိုင်ခဲ့တဲ့ ကိုယ့်ဘ၀ကိုပဲ အပြစ်တင်ရတော့မလို ဖြစ်နေပါတယ်။

ငါးမျှားသူ

“ငါးမျှားခြင်းသည် တစ်ခါတစ်ရံမျှသာလုပ်သည့် အပျင်းပြေ အလုပ်တစ်ခုမျှသာမက တစ်သက်လုံးစွဲမည့် ၀ါသနာကြီးတစ်ခု ဖြစ်သည်ဆိုလျှင် ၀ါသနာအိုးတစ်ယောက်သည် ငယ်ငယ်ကတည်းက ငါးမျှားတတ်ခဲ့ဖို့ လိုပါသည်”

ဆရာမြသန်းတင့်ရဲ့ မြန်မာပြန် ရသစာတမ်းများ စာအုပ်ထဲက အရုဏ်နှင့် စမ်းရေဆိုတဲ့ အက်ဆေး ပထမအပိုဒ်ကို ဖတ်လိုက်ရတော့ ငယ်ငယ်က ငါးမျှားခဲ့တာ မိန်းကလေးတန်မဲ့ ငါးမျှားတာ သဘောကျပြီး စွဲလမ်းခဲ့တာကို ပြန်အမှတ်ရမိပါတယ်။