Features

အိမ်မှာ ဘာမှမသင်ပါနဲ့

မှတ်မှတ်ရရ လွန်ခဲ့တဲ့ကိုးနှစ်လောက်က သမီးက သုံးနှစ်ကျော် စကားတတ်စ၊ စူးစမ်းလေ့လာစိတ် များလာတဲ့အချိန်၊ တောက်တောက် မတ်တတ်ရပ် ပတ်ဝန်းကျင်ကို လေ့လာနေတဲ့အချိန်မှာ ကလေးထိန်းကျောင်းကို အပေါင်းအသင်းတွေရအောင် ပို့ပေးတယ်။

ကလေးထိန်းကျောင်းက ဆရာ/ဆရာမတွေက နိုင်ငံရပ်ခြားက ပြောင်းရွှေ့လာတဲ့ မိဘတွေမှန်းသိတော့ အိမ်မှာမိခင်ဘာသာစကားပဲပြောပါ။ မိခင်ဘာသာစကားနဲ့ ပုံပြင်တွေစာအုပ်တွေ ဖတ်ပြပါ။ မိခင်ဘာသာ စကားပြောတဲ့ ကလေးတွေနဲ့ဆော့ခိုင်းပါတဲ့။

ကျွန်းငယ်လေးမှသည် ကမ္ဘာကြီးဆီသို့ (၂)

ခရစ္စတီယာနိုရော်နယ်လ်ဒို၏အတ္ထုပ္ပတ္တိ (RONALDO THE BIOGRAPHY) စာအုပ်ကို နာမည်ကျော်စပိန်ဘောလုံးဂျာနယ်လစ်တစ်ဦးဖြစ်သူ ဂွယ်လ်လမ်ဘာလာဂွယ်ကရေးသားခဲ့ပြီး ဗြိတိန်အခြေစိုက်  The Cross Sports Book Award ဆုရွေးချယ်ရေးအဖွဲ့ကချီးမြှင့်သော ၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအားကစားစာအုပ်ဆု (Football Book of the Year Award)  ကို ဆွတ်ခူးရရှိခဲ့သည်။ စီရော်နယ်လ်ဒိုနှင့် သူ၏မိသားစု၊ သူနှင့် ပတ်သက်သူများအကြောင်း၊ အတိတ်ဘ၀ဖြတ်သန်းမှုများကို ခရေစေ့တွင်းကျကျဖော်ပြထားသည့် ယင်းဆုရစာအုပ်အား First Eleven Sports Journal နှင့်  First Eleven Sports Journal  များတွင် အခန်းဆက်အဖြစ် ဖော်ပြလျက်ရှိနေပြီး Eleven Sports  Facebo

ပရဟိတလုပ်ခြင်းရဲ့ အကျိုးကျေးဇူး (၁၀) ရပ်

ပရဟိတဆိုတာ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်းပါ။ ဒါပေမဲ့ အဲဒီလို လုပ်နေတဲ့ တစ်ချိန်တည်းမှာပဲ ကိုယ့်အတွက်လည်း အကျိုးရှိစေပါတယ်။ ပရဟိတအဖွဲ့တစ်ခုခုမှာ လုပ်ဖူးသူ၊ လုပ်နေသူ၊ တစ်နည်းအားဖြင့် ပရဟိတသမား တစ်ယောက်နဲ့ လုပ်ငန်းခွင်မှာ အတူတွဲလုပ်ရတာဟာ သာမန်လူထက်စာရင် ပိုအဆင်ပြေတတ်တာကို သတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပရဟိတအလုပ်က ဒီလိုအကျိုးကျေးဇူးတွေ ရစေခဲ့လို့ပါပဲ။

■ ၁။ အပင်ပန်း ခံနိုင်လာခြင်း

ပရဟိတအလုပ် အားလုံးနီးပါးဟာ လိုအပ်တဲ့ေ နေရာတွေ၊ ဆင်းရဲတဲ့ နေရာတွေမှာ လုပ်ရတာ ဖြစ်ပါတယ်။ အဲဒီနေရာကို သွားပြီဆိုကတည်းက သက်သောင့် သက်သာတော့ မရှိပါဘူး။ မိုးတွင်းမှာဆို ဗွက်တွေ ပေတယ်။

ကောက်ပင်တို့ နိုးထစအချိန်


ယခုလိုအချိန်သို့ ရောက်ပြီဆိုလျှင် အတွတ်နှင့် မွှေးတို့ အတူတကွ မွေးဖွားခဲ့သော ၀ါးခယ်မမြို့ပြင်ရှိ လယ်ကွက်များထဲတွင် စပါးစေ့တို့သည် အိပ်ပျော်ရာမှ နိုးကြပေတော့မည်။ (မွှေးဝတ္ထု)

အခုညနေ အမေနဲ့ ဖုန်းပြောရင်း ငယ်ငယ်က ဖတ်ခဲ့တဲ့ ဆရာမကြီး ခင်နှင်းယုရဲ့ မွှေးဝတ္ထုထဲက ထိုစာကို သတိရမိတယ်။ “ ဦးဇင်းရေ ဒီလ လပြည့်ကျော် ၈ ရက်လောက်ဆို စိုက်လို့ ပြီးတော့မယ်”လို့ ၈၆ နှစ် အမေက ဖုန်းဆက်ရင်း ပြောလို့ပါ။

သဘောတရားနှင့် လက်တွေ့

သဘောတရား ဆိုသည်မှာ ဒိဋ္ဌိလက်တွေ့ မဖြစ်သေး၊ မရှိသေး၊ မမြင်ရသေးသည့် အရာများဖြစ်သည်။ တစ်နည်းအားဖြင့် ကြံစည် စဉ်းစား တွေးခေါ်ထားသော အကြံအစည်များ၊ စိတ်ကူးစိတ်သန်းများ၊ အမှန်တကယ် မြင်တွေ့နေရသည်များကို ထောက်ရှုဝေဖန်၍ ပြုပြင်ပြောင်းလဲ ဖန်တီးသင့်သည့် အကြောင်းများကို ရှာဖွေဖော်ထုတ်ထားသည့် အရာများဖြစ်ပါသည်။ ယနေ့ လူ့လောကတွင် မြင်တွေ့ ရပ်တည်ဖြစ်ပျက်နေသော အရာများ၊ အကျိုးတရားများ လက်တွေ့ အမှန်တကယ် ဖြစ်ပေါ်လာခြင်း၊ လက်တွေ့ အကောင်အထည် ဖော်နိုင်ခဲ့ခြင်းသည် သဘာဝတရားများမှ အခြေတည် ပေါ်ပေါက်လာသည်များစွာ ရှိသည်။