Features

အမာရွတ်

ကျွန်တော့်ရဲ့ နောက်ကျောဘယ်ဘက် လက်ပြင်အောက်နားလောက်မှာ မူးစေ့နှစ်စေ့ခန့်လောက်ရှိတဲ့ ရှည်မျှောမျှောအမာရွတ်တစ်ခု ရှိပါတယ်။ ဒီအမာရွတ်ကို မြင်မိကြတဲ့သူ အတော်များများက ဘာဖြစ်လို့ရတဲ့ အမာရွတ်လဲလို့ မေးလေ့ရှိကြပါတယ်။ ကျွန်တော်ကလည်း အဲဒါအရေးအခင်းတုန်းက ကျည်ဆန်ရှပ်မှန်သွားခဲ့တာလေဆိုပြီး ပြောင်သလိုနောက်သလို၊ အတည်ပေါက်လိုလိုနဲ့ ခပ်ဝါးဝါးမရေမရာ ဖြေမိတာချည်းပါပဲ။ အမှန်တော့ ဒီအမာရွတ် ဘယ်လိုကနေရခဲ့တယ်ဆိုတာ ကျွန်တော်ဘယ်သူ့ဘယ်သူကိုမှ အမှန်အတိုင်း မပြောပြခဲ့ဖူးပါဘူး။ ကျွန်တော်အင်္ကျီချွတ်တဲ့အခါ၊ ရေချိုးတဲ့အခါမျိုးမှာ တစ်ယောက်ယောက် ဒီအမာရွတ်ကို မြင်သွားမှာမလိုလားပါဘူး။ ဒီအမာရွတ်ရှိနေတာဟာ ကျွန်တော့်ကိုရှက်စရာတစ်ခ

အပြုံး

မကြာသေးခင်ကဖြစ်သည်။ ကျွန်တော့်နေပြည်တော်မှ ရုံးခန်းထဲတွင် လေအေးစက်ဖွင့်ထားလင့်ကစား ကျွန်တော်ချွေးပြန်နေမိပါသည်။ နေပြည်တော်က ရုံးခန်းဟုဆိုလိုက်သောကြောင့် ကြီးကျယ်ခန့်ထည်သော ရုံးခန်းတစ်ခုဟု မထင်စေလိုပါ။ လက်ထောက်ညွှန်မှူးကျွန်တော်နှင့် ဦးစီးအရာရှိ (ဆရာဝန်)နှစ်ဦးပေါင်း သုံးဦးရယ် ကွန်ပျူတာတစ်လုံး စားပွဲသုံးလုံး fax and copier တစ်လုံးအတွက်ရယ်မှ ခုနစ်ပေခွဲပတ်လည်လောက်သော အကန့်ကလေးတစ်ခုကို ရုံးခန်းဟုဆိုနေခြင်းသာဖြစ်ပါသည်။

အာဇာနည်မျိုး သေရိုးမရှိ

■ မုန်ညင်းဆီတစ်စက်

မြတ်စွာဘုရား သီတင်းသုံးတော်မူရာ ကျောင်းတော်ဆီကို အမျိုးသမီးတစ်ဦး ဆံပင်ဖိုးရိုးဖားရား ဒယိမ်းဒယိုင် ထဘီမနိုင် ပ၀ါမနိုင်နဲ့ ပြေးဝင်လာတယ်။ အားမရှိတဲ့ အပြေး။ အားကိုးရာမဲ့ ခြေလှမ်း။ ပြောမထွက်တဲ့ စကားတွေ စုပြုံနေလို့ တုန်ယင်နေတဲ့နှုတ်ခမ်း။ မျက်နှာက မျှော်လင့်ချက်မဲ့နေဟန်။

ရင်ခွင်ထဲက ပွေ့ပိုက်လာတဲ့ ကလေးငယ်ကို ကြမ်းပြင်ပေါ်အသာချလိုက်တယ်။ ကလေးရဲ့ မျက်နှာပေါ်မှာ ဖုံးအုပ်နေတဲ့ အ၀တ်စတွေကို ဖယ်ရှားလိုက်တယ်။ ဖြူတုတ်နေတဲ့ ကလေးမျက်နှာ ပေါ်လာတယ်။ ကလေးက မလှုပ်မယှက်။ အသက်မရှူတော့။

မေ့မရသေးသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ပုံရိပ်များ

အာဇာနည်နေ့ရောက်လေတိုင်း အာဇာနည်ခေါင်းဆောင်ကြီးတွေကို လွမ်းဆွတ် အောက်မေ့ဖွယ်ရာ ဂုဏ်ပြုရေးသားသီဆိုထားတဲ့ အဆိုတော် မေလှမြိုင်ရဲ့ သီချင်းသံကို ၀မ်းနည်းဖွယ် ကြားယောင်နေမိပါတယ်။

“အာဇာနည်ခေါင်းဆောင်ကြီးတွေ၊ အာဇာနည်ခေါင်းကြီးတွေ ကောင်းရာသုဂတိသို့ ရောက်ရှိကြပါစေ။ ___ အများပြည်သူတွေ ___ အများပြည်သူတွေ ___ အာဇာနည်နေ့ ကိုလေ ___ တွေးရှုကာပဲ ___ အလေးပြုပါ တယ်လေ”

သမိုင်းထဲက ဗိုလ်ချုပ်ရဲ့ကလေးဘဝ

ကျွန်တော်တို့ကိုယ်တိုင် နိုင်ငံလွတ်လပ်ရေးပြန်ရပြီး တစ်နှစ်ခွဲကျော်ရှိမှ မွေးဖွားခဲ့တာဖြစ်တော့ ကလေးဘ၀အရွယ် ငယ်ငယ်မှာ လွတ်လပ်ရေးဆိုတာ ဘာမှန်းမသိခဲ့ပါဘူး။

မသိနားမလည်ခဲ့သေးပေမယ့် နိုင်ငံ့လွတ်လပ်ရေးကို အဲဒီအရွယ်ကပဲစပြီး ကနေ့ထက်တိုင် ခံစားနေကြရပါတယ်။

ကျွန်တော် ပြောတာက နိုင်ငံလွတ်လပ်ရေးပြန်ရတယ်ပဲ ပြောတာပါ။ အချုပ်အခြာ အာဏာပိုင်နိုင်ငံဖြစ်ကြောင်းပဲ ပြောတာပါ။ ကာလဒေသပယောဂအလိုက် လူတွေမှာ အနှောင်အဖွဲ့တွေ၊ အကျပ်အတည်းတွေ၊ ဘေးဒုက္ခတွေနဲ့ မလွတ်မလပ် ဖြစ်ခြင်းတွေကိုလည်း ခံစားနေကြရသေးတယ်ဆိုတာ လက်ခံကြမယ်ထင်ပါတယ်။