Entertainment

အနုပညာခရီးလမ်းမှာ ဖြည်းဖြည်းမှန်မှန် လျှောက်လှမ်းနေသူ သရုပ်ဆောင် မော်ဒယ်လ် နွယ်ဒါလီထွန်းရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းမှာ ၀ါသနာဗီဇကိုယ်စီ ရှိတတ်ကြပါတယ်။ မိမိတို့ရဲ့ မွေးရာပါပိုင်ဆိုင်လာတတ်တဲ့ ၀ါသနာဗီဇကို ငယ်စဉ်ကတည်းက ဖော်ပြသတိပြုမိသူတွေ ရှိသလို အရွယ်ရောက်လာခါမှ မိမိတို့ရဲ့ အားသန်ရာ ၀ါသနာဗီဇကို သတိပြုမိသူတွေလည်း ရှိပါတယ်။

Vanity Fair မျက်နှာဖုံးအတွက် ဝေဖန်တိုက်ခိုက်မှုများကို အမ်မာဝပ်ဆင်က တုံ့ပြန်

Vanity Fair မဂ္ဂဇင်း၏ မျက်နှာဖုံးဓာတ်ပုံတွင် ရင်သား၏ နေရာအချို့ကို ဖော်ပြခဲ့သော ဓာတ်ပုံအတွက် ဝေဖန်တိုက်ခိုက်သူများသည် “ကျား၊ မ အခွင့်အရေး တန်းတူညီမျှမှု ဆိုသည်မှာ အမျိုးသမီးအား ရွေးချယ်ခွင့်ပေးခြင်းဖြစ်ကြောင်း” နားမလည်သူများဟု Beauty and The Beast ၏ သရုပ်ဆောင် အမ်မာဝပ်ဆင်က ပြောကြားခဲ့သည်။

မျက်နှာဖုံးဓာတ်ပုံတွင် ရင်သားကို ဖော်ထားသော ဓာတ်ပုံရိုက်ကူးခြင်းဖြင့် အမ်မာဝပ်ဆင်သည် သူ၏ ကျား၊ မ တန်းတူအခွင့်အရေး စံနမူနာဖြစ်မှုများကို သစ္စာဖောက်ခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့ကြသည်။

ဒါရိုက်တာဝီရ ရိုက်ကူးသည့် ‘၀တ်ရုံ’ ဇာတ်ကားတို The Los Angeles Asian Pacific Film Festival တွင် ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ရွေးချယ်ခံရ

ဒါရိုက်တာဝီရ ရိုက်ကူးသည့် ‘၀တ်ရုံ’ ဇာတ်ကားတိုအား The Los Angeles Asian Pacific Film Festival တွင် ပြိုင်ပွဲဝင် ဇာတ်ကားအဖြစ် ရွေးချယ်ခံထားရကြောင်း သိရသည်။ The Los Angeles Asian Pacific Film Festival ကို ဧပြီ ၂၇ ရက်မှ မေ ၄ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး အော်စကာအဆင့်မီ ပြိုင်ပွဲတစ်ပွဲဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲ၏ အကောင်းဆုံး ဇာတ်ကားတိုဆုအတွက် ဒါရိုက်တာဝီရ၏ ‘၀တ်ရုံ’ ဇာတ်ကားမှာ ပါဝင်ရွေးချယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ဆုရရှိနိုင်သူများ စာရင်းတွင် တစ်ကြိမ်တစ်ခါမျှ အကယ်ဒမီရရှိဖူးခြင်း မရှိသေးသူများ ပိုမိုရေပန်းစားလျက်ရှိ

၂၀၁၆ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် ဆုရရှိနိုင်သူများ၏ စာရင်းများအဖြစ် တစ်ကြိုခန့်မှန်းမှုများစွာ ထွက်ပေါ်လျက်ရှိရာတွင် တစ်ကြိမ်တစ်ခါမျှ အကယ်ဒမီရရှိဖူးခြင်း မရှိသေးသူများ ပိုမိုရေပန်းစား လျက်ရှိကြောင်း သိရသည်။ ၂၀၁၆ အကယ်ဒမီအတွက်ဆု ရရှိရန် ရေပန်းစားလျက် ရှိသူများအနက် အကယ်ဒမီရရှိဖူးခြင်း မရှိသေးသော သရုပ်ဆောင် ထွန်းထွန်း၊ မြင့်မြတ်၊ စိုင်းစိုင်းခမ်းလှိုင်တို့မှာ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုအတွက် ရေပန်းစားလျက်ရှိသည့်အပြင် သရုပ်ဆောင် အေးမြတ်သူ၊ ပိုင်ဖြိုးသု၊ ထူးမွန်တို့မှာလည်း အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုအတွက် ပထမဆုံး အကယ်ဒမီ ဆွတ်ခူးနိုင်သူများအဖြစ် ရေပန်းစားေ

Ships Passing in the Night ဇာတ်ကားတွင် ဆောင်းဟေကို အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်

ဇာတ်ကားရိုက်ကူးမှုကို တစ်နှစ်နီးပါး ရပ်နားထားသည့် ကိုရီးယား ထိပ်တန်းသရုပ်ဆောင် ဆောင်းဟေကိုသည် Ships Passing in the Night ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်မည်ဟု မီဒီယာများက ဖော်ပြခဲ့သည်။

ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ဗီဒီယိုဂိမ်းနှင့် သရုပ်ဆောင်များနှင့် ပတ်သက်သည့် အချက်အလက်များကို အသေးစိတ်ဖော်ပြသည့် IMDB ၀က်ဘ်ဆိုက်တွင် ဖော်ပြချက်အရ ယင်းဇာတ်ကားတွင် ဆောင်းဟေကိုသည် အက်စတာနမ်၊ Dae Na၊ Dean တို့နှင့် တွဲဖက်သရုပ်ဆောင်မည်ဟု သိရသည်။ ယင်း ဇာတ်ကား၏ ဇာတ်ညွှန်းကို ဆန်ဝူးပက်က ရေးသားမည်ဖြစ်သည်။