Entertainment

ဆင်ဆာဖြတ်တောက်မှုကြောင့် Beauty and the Beast ဇာတ်ကားကို မလေးရှားတွင် မဖြန့်ချိတော့ဟု ဒစ္စနေထုတ်ပြန်

မွတ်စလင် အများစုနေထိုင်သော မလေးရှားနိုင်ငံရှိ အာဏာပိုင်များက Beauty and Beast ဇာတ်ကားတွင် ပါဝင်သည့် ဂေးဇာတ်ဝင်ခန်းအချို့ကို ဖြတ်တောက်ခဲ့ပြီးနောက် ယင်းဇာတ်ကား၏ ဆင်ဆာဗားရှင်းကို မလေးရှားနိုင်ငံတွင် ဖြန့်ချိတော့မည် မဟုတ်ဟု ဒစ္စနေက မတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဟယ်ရီပေါ်တာ မင်းသမီး အမ်မာဝပ်ဆန်က အဓိကဇာတ်ကောင်အဖြစ် ပါဝင်သည့် ယင်းဇာတ်ကားတွင် ဂျို့စ်ဂတ် သရုပ်ဆောင်ထားသည့် Le Fou ဇာတ်ကောင်က ကမ္ဘာတစ်ဝန်းရှိ ဘာသာရေးအဖွဲ့များကို ဒေါသဖြစ်စေခဲ့သည်။ Le Fou သည် ဒစ္စနေ၏ပထမဆုံး LGBT ဇာတ်ကောင်ဖြစ်သည်။

ကိုရီးယားနိုင်ငံ SBS ရုပ်သံ၏ အစီအစဉ်တစ်ခုဖြစ်သည့် The Show တွင် တေးသံရှင်ဖြူဖြူကျော်သိန်း ပါဝင်မည်ဖြစ်ပြီး My Destiny သီချင်းကို ကိုရီးယားဘာသာဖြင့် သီဆိုမည်

ကိုရီးယားနိုင်ငံ SBS ရုပ်သံ၏ အစီအစဉ်တစ်ခုဖြစ်သည့် The Show တွင် တေးသံရှင်ဖြူဖြူကျော်သိန်း ပါဝင်တင်ဆက်ခွင့်ရရှိမည်ဖြစ်ပြီး  My Destiny  သီချင်းကို ကိုရီးယားဘာသာဖြင့် သီဆိုတင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ The Show ဟု အမည်ပေးထားသည့် ရုပ်သံအစီအစဉ်မှာ ကိုရီးယားနိုင်ငံတွင် ထင်ရှားသည့် SBS ရုပ်သံ၏ ထင်ရှားသည့် ရုပ်သံအစီအစဉ်တစ်ခုဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် စတင်ထုတ်လွှင့်ခဲ့သည့် အစီအစဉ်တစ်ခုလည်း ဖြစ်သည်။

မြောက်အမေရိကမှ ၀င်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံး၌ King Kong က ရပ်တည်နေ

ပြီးခဲ့သည့် သီတင်းပတ်က မြောက်အမေရိက၏ ၀င်ငွေအများဆုံး ရုပ်ရှင်ကားစာရင်းတွင် King Kong က Wolverine ကို အလွယ်တကူ ကျော်ဖြတ်ပြီး စာရင်း၏ ထိပ်ဆုံးနေရာ၌ ရပ်တည်နေသည်။

UFC ချန်ပီယံ မက်ဂရီဂေါ်နှင့်ပွဲအတွက် လက်ဝှေ့ ပြန်လည်ထိုးသတ်မည်ဟု မေ၀ယ်သာ အတည်ပြု

ကစားသမားဘ၀မှ အနားယူသွားပြီဖြစ်သည့် နာမည်ကြီး အမေရိကန်လက်ဝှေ့သမား ဖလွိုက်မေ၀ယ်သာက UFC ချန်ပီယံ ကော်နာမက်ဂရီဂေါ်နှင့် ထိုးသတ်ရန် မိမိဆုံးဖြတ်ချက်ကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း မတ် ၁၁ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

မေ၀ယ်သာ (၄၀ နှစ်) သည် ၂၀၁၅ ခုနှစ် စက်တင်ဘာတွင် တစ်နိုင်ငံတည်းသား အန်ဒရေဘာတိုကို အမှတ်ဖြင့် အနိုင်ယူကာ WBA (စူပါ) နှင့် WBC ၀ယ်လ်တာဝိတ်ချန် ပီယံခါးပတ်များ ကာကွယ်နိုင်ခဲ့ပြီးနောက် ကစားသမားဘ၀မှ အနားယူရန် ဆုံးဖြတ်ခဲ့ သည်။

ပင်တိုင်တေးသံရှင်လေးဦး ပါဝင်ဖျော်ဖြေမည့် Iron Cross Music Tour မိုးကုတ်မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်ပြသမည်

ပင်တိုင်တေးသံရှင်လေးဦး ပါဝင်ဖျော်ဖြေမည့် Iron Cross Music Tour ဂီတဖျော်ဖြေပွဲကို မိုးကုတ်မြို့၌ ပြုလုပ်မည်ဖြစ်ပြီး ရုပ်သံလိုင်းမှလည်း ထုတ်လွှင့်ပြသရန် စီစဉ်ထားသည်ဟုသိရသည်။

Iron Cross Music Tour in Moegok ဂီတဖျော်ဖြေပွဲကို မတ် ၁၉ ရက် တွင်ပြုလုပ်မည်ဖြစ်ကာ တေးသံရှင် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်ဝိုင်းတို့ အဓိက ပါဝင်သီဆို ဖျော်ဖြေရန် စီစဉ်ထားခြင်းဖြစ်သည်။