Entertainment

သရုပ်ဆောင် မော်ဒယ်လ် ဆုအိမ့်စံရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

ရောင်စုံပန်းတွေ ပွင့်လန်းနေတဲ့ ဥယျာဉ်ကြီး တစ်ခုလို့ဆိုရမယ့် အနုပညာပန်းခင်းထဲမှာ လှပလန်းဆန်းတဲ့ ပန်းရောင်စုံတွေက ပွင့်လန်းလို့ နေပါတယ်။ ဒီလိုအရောင်အသွေး စုံလင်တဲ့ ပန်းရောင်စုံတွေထဲမှာ နူးညံ့လှပတဲ့ ပန်းလေးတစ်ပွင့်အဖြစ် အသိအမှတ်ပြုလာစေသူက လူငယ်သရုပ်ဆောင် မော်ဒယ်လ် ဆုအိမ့်စံပါ။ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားမှာ ရိုးသားဖြူစင်တဲ့ ကျေးလက်နေ မိန်းကလေးငယ် တစ်ယောက်၊ အစ်ကိုဖြစ်သူရဲ့ အချစ်ရေးအတွက် တတ်နိုင်သလောက် ကူညီတတ်တဲ့ သွက်သွက်လက်လက် ချစ်စဖွယ် ဟန်ပန်လေးတွေနဲ့ ပရိသတ်ချစ်ခင်မှုကို အရယူသွားနိုင်သူပါ။ လက်ရှိအချိန်မှာတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးခွင့် ရရှိနေသူလည်း ဖြစ်ပါတယ်။ ဒီလိုပရိ

ဂျပန်ရုပ်ရှင် ဇာတ်ကားကောင်းများနှင့် အန်နီမေးရှင်း ဇာတ်ကားများ ပါဝင်ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော် ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည်


ဂျပန်ရုပ်ရှင် ဇာတ်ကားကောင်းများနှင့် အန်နီမေးရှင်း ဇာတ်ကားများ ပါဝင်ပြသမည့် ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီ ၁၃ ရက်တွင် စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ရုပ်ရှင်ပွဲတော်ကို ဇန်န၀ါရီ ၁၃ ရက်မှ ၁၉ ရက်အထိ ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံ၌ ပြုလုပ်မည်ဖြစ်ပြီး ၀င်ကြေးအခမဲ့ဖြင့် ဇာတ်ကားများအား ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ ဂျပန်ရုပ်ရှင်ပွဲတော်တွင် မြန်မာစာတန်းထိုး ဂျပန်ရုပ်ရှင် ဇာတ်ကားများနှင့် အန်နီမေးရှင်း ဇာတ်ကားများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆ ခုနှစ်တွင် တရုတ်လက်မှတ်ရောင်းချမှုဝင်ငွေ ကျဆင်း

ကမ္ဘာ့ ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံ၏ ၂၀၁၆ ခုနှစ် လက်မှတ်ရောင်းချမှုဝင်ငွေသည် သိသိသာသာ ကျဆင်းခဲ့သည်ဟု China's State Administration of Press, Publication, Radio, Film and Television (SAPPRFT)  က ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

 တရုတ်၏ လက်မှတ်ရောင်းချမှု ၀င်ငွေသည် ၂၀၁၆ ခုနှစ်တွင် နှစ်အလိုက် တိုးတက်မှုသည် ၃ ဒသမ ၇ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး ယွမ် ၄၅ ဒသမ ၇ ဘီလျံသာ ရရှိခဲ့သည်။ ယင်းသည် ၂၀၁၅ ခုနှစ်၏ လက်မှတ်ရောင်းချမှုဝင်ငွေ တိုးတက်မှုနှုန်း ၄၈ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ကျဆင်းခဲ့သည်ဟု SAPPRFT က ထုတ်ပြန်ခဲ့သည်။

မန္တလေးမြို့ မနော်ရမ္မံ ဟစ်တိုင်တွင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Graffiti ရေးဆွဲဂုဏ်ပြု


မန္တလေးမြို့ ၆၂ လမ်း၊ ၄၂လမ်းထောင့် မနော်ရမ္မံ ဟစ်တိုင်တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၄ ရက် မနက် ၉ နာရီက Graffiti ပညာရှင် MC Prince နှင့်အဖွဲ့မှ လွတ်လပ်ရေးနေ့အထိမ်းအမှတ် Graffiti ပုံများ ရေးဆွဲ ဂုဏ်ပြုခဲ့သည်။

“လွတ်လပ်ရေးနေ့က မြန်မာနိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့ နေ့ထူးနေ့မြတ်ပါ။ မန္တလေးမြို့ခံ တစ်ယောက်အနေနဲ့၊ Performance အနေနဲ့ အခုလို Graffiti နဲ့ ပူးပေါင်းပြီး ပြသလိုက်တာပါ။ ဘင်ခရာပိုင်းတွေရော၊ Performance ရော၊ Graffiti ရော ပထမဆုံး ပူးပေါင်းပြသကြတာပါ။ အခုလို ကိုယ့်ရဲ့ပညာရပ်နဲ့ ဖော်ကြူးဂုဏ်ပြုခွင့် ရတဲ့အတွက် ဝမ်းသာမိပါတယ်။” ဟု Graffiti ပညာရှင် MC Prince ကပြောသည်။

ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် လွမ်းဆွတ်ခြင်း အမှတ်တရပွဲ ပြုလုပ်

ကဗျာဆရာကြီး တင်မိုး ကွယ်လွန်ခြင်း ၁၀ နှစ်ပြည့် လွမ်းဆွတ်ခြင်း အမှတ်တရပွဲ အခမ်းအနားကို ဇန်န၀ါရီ ၁ ရက်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်ခဲ့သည်။