Entertainment

Single Mom တစ်ယောက်အဖြစ်မှသည် မော်ဒယ်လ်တစ်ဦးအဖြစ်သို့ ရောက်ရှိသည်အထိ ကြိုးပမ်းခဲ့သူ ကချင်မော်ဒယ်လ် လုလုအောင်၏ ငယ်ဘ၀ဖြတ်သန်းရာ

ဘ၀ဇာတ်ခုံပေါ်မှာ ကံကြမ္မာရဲ့ ကြိုးဆွဲရုပ်များအဖြစ် လူသားတိုင်းက ကပြအသုံးတော်ခံ နေကြရပါတယ်။ ဒီနေရာမှာ မိမိတို့ကို ကံကြမ္မာရဲ့ ကြိုးဆွဲကပြမှု အနိမ့်အမြင့် အတက်အကျကို ဇွဲ၊ လုံ့လ၊ ၀ီရိယ၊ မလျှော့သော စိတ်ဓာတ်တို့နဲ့သာ ပြန်လည်ခုခံရင်း မိမိလိုရာပန်းတိုင်ဆီ အရောက်လှမ်းနိုင်သူ တွေကသာ စိတ်ဓာတ်ခွန်အား သတ္တိပြည့်ဝသူတွေလို့ ဆိုကြရမှာပါ။ ဒီလိုဘ၀ရဲ့ အတက်အကျ အနိမ့်အမြင့်၊ လောကဓံလှိုင်းလုံးတွေရဲ့ ရိုက်ပုတ်ကျီစယ်မှုကိုအံတုရင်း မိမိမျှော်မှန်းရာ ပန်းတိုင်ဆီ တစ်လှမ်းချင်း လျှောက်လှမ်းလာသူတစ်ဦးက မော်ဒယ်လ် လုလုအောင်ပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်၊ ကိုယ်ဟန် အနေအထားတွေနဲ့အတူ လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ သာမက ကြော်

The Fate of the Furious ပွဲဦးထွက် ဖြန့်ချိသည့် သီတင်းပတ်တွင် ၀င်ငွေအများဆုံးရ ဇာတ်ကားအဖြစ် စံချိန်တင်

အမေရိကန် အက်ရှင်ဇာတ်ကား The Fate of the Furious သည် ပွဲဦးထွက် ဖြန့်ချိခဲ့သည့် ဧပြီ ၁၄ ရက်တွင် မြောက်အမေရိက၌ လက်မှတ်ရောင်းချမှု ၀င်ငွေဒေါ်လာ ၁၀၀ ဒသမ ၂ သန်း ရရှိခဲ့ပြီး ကမ္ဘာတစ်ဝန်း ဖြန့်ချိမှုတွင် ပွဲဦးထွက် သီတင်းပတ်အတွင်း ၀င်ငွေအများဆုံးရ ဇာတ်ကားအဖြစ် စံချိန်တင်ခဲ့သည်ဟု လက်မှတ်ရောင်းချမှု ၀င်ငွေစာရင်းများကို လေ့လာသုံးသပ်သည့် Exhibitor Relation က ဖော်ပြခဲ့သည်။

နှင်းဆီအငြိမ့်အဖွဲ့၏ ၂၀၁၇ ခုနှစ်အတွက် ဖျော်ဖြေပွဲအား ပရဟိတရန်ပုံငွေပွဲအဖြစ် စက်တင်ဘာလဆန်းတွင် ရန်ကုန်မြို့၌ ပြုလုပ်မည်

နှင်းဆီအငြိမ့်အဖွဲ့၏ ၂၀၁၇ ခုနှစ်အတွက် အငြိမ့်ဖျော်ဖြေပွဲအား စက်တင်ဘာ ၈ ရက်တွင် ရန်ကုန်မြို့၌ ပရဟိတရန်ပုံငွေပွဲအဖြစ် ပြုလုပ်ရန်စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါဖျော်ဖြေပွဲကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) က စီစဉ်တင်ဆက်မည်ဖြစ်ပြီး မင်းသမီးများအဖြစ်ဖူးစုံ၊ မေကဗျာစသူများ နှင့်လူရွှင်တော်များအဖြစ် အကယ်ဒမီမင်း မော်ကွန်း၊ အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီထွန်းထွန်း၊ ရဲလေးတို့ ပါဝင်တင်ဆက်ရန် စီစဉ်ထားသည်။

တေးသံရှင်မဒီနှင့် တွေ့ဆုံခြင်း

မြန်မာနိုင်ငံမှ ထွက်ခွာပြီး ပြည်ပနိုင်ငံတွင် သွားရောက် အခြေချ နေထိုင်လျက်ရှိသော်လည်း မြန်မာပရိသတ်များ မေ့ပျောက်နိုင်ခြင်းမရှိသည့်၊ ၎င်း၏ဂီတဖန်တီးမှု တေးသီချင်းများမှာ လက်ရှိအချိန်တိုင် အောင်မြင်ဆဲဖြစ်သည့် အနုပညာရှင်တစ်ဦးမှာ တေးသံရှင် မဒီပင်ဖြစ်သည်။ ဂီတလောကနှင့် နှစ်ကာလများစွာ ဝေးကွာနေခဲ့သည့် တေးသံရှင်မဒီသည် ၂၀၁၇ နှစ်ဆန်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ကာ တစ်ကိုယ်တော် တေးစီးရီးသစ်တစ်ခွေကို ဖန်တီးအသံသွင်းယူလျက် ရှိနေသည်။ ယခုနှစ်အတွင်းတွင် တစ်ကိုယ်တော် တေးအယ်လ်ဘမ်အား ထွက်ရှိရန် စီစဉ်ထားကာ ကိုယ်ပိုင်သံစဉ် တေးသီချင်းသစ်များ ပါဝင်မည့် အဆိုပါ တေးအယ်လ်ဘမ်အတွက် ပရိသတ် စိတ်ဝင်စားမှုမှာလည်းြ

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့အမှတ်တရ Birthday Show ကျင်းပပြုလုပ်

မန္တ​လေးမြို့ မန္တ​လာသီရိ အားကားစားကွင်းတွင် ဧပြီလ ၁၀ရက်နေ့ ညနေ ၆ နာရီမှ စတင်ကာ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေအမှတ်တရ SAI SAI Birthday Show ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
"ကျွန်တော့အတွက် ဂုဏ်ယူတဲ့ ဝမ်းမြောက်စရာကောင်းတဲ့ မွေးနေ့ပါ။ မန္တ​လေးမြို့ရဲ့ မြို့မတီးဝိုင်းက ကျွန်တော့ကို မေတ္တာနဲ့ ကူညီတီးခတ်ပေးခဲ့တယ်။ မန္တလေးက Dream lover band ကလဲ ကျွန်တော့်အတွက် ကူညီတီးခတ် ပေးခဲ့ပါတယ်။" ဟု အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောကြားခဲ့သည်။