Entertainment

ဝင်ငွေအများဆုံး ရုပ်ရှင်စာရင်း၏ ထိပ်ဆုံးတွင် Lego Batman က နှစ်ပတ်ဆက်တိုက် ဆက်လက်ရပ်တည်

The Lego Batman Movie သည် စတင်ပြသပြီး ဒုတိယမြောက် သီတင်းပတ်တွင်လည်း Fifty Shades of Darker ကို အသာရနေဆဲဖြစ်ကာ မြောက်အမေရိက၏ ၀င်ငွေအများဆုံး ရုပ်ရှင်စာရင်း ထိပ်ဆုံး၌ ဆက်လက် ရပ်တည်လျက် ရှိသည်။

ဒီဂျေမဂ္ဂဇင်း၏ ကမ္ဘာ့အဆင့်ဒီဂျေ ၁၀၀ စာရင်းတွင် ပါဝင်သည့် ဒီဂျေလေးဦး ပါဝင်ဖျော်ဖြေမည့် ‘MSS Trinity EDM Festival’ ပြုလုပ်မည်

ဒီဂျေမဂ္ဂဇင်း၏ ကမ္ဘာ့အဆင့်ဒီဂျေ ၁၀၀ စာရင်းတွင် ပါဝင်သည့် ဒီဂျေလေးဦး ဖျော်ဖြေမည့် ‘MSS Trinity EDM Festival’ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ရန်ကုန်မြို့ The One Entertainment Park ၌ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

MSS Trinity EDM Festival တွင် Headliners ဖြစ်ပါဝင်မည့် Steve Aoki မှာ အမေရိကန် Electro House ဂီတသမားတစ်ဦးဖြစ်ပြီး Billboard Charting တွင် ထိပ်တန်းအယ်လ်ဘမ်များကို ထုတ်ဝေခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ ၂၀၁၃ ခုနှစ်၏ ဂရမ်မီ ဆုအတွက် ဆန်ခါတင်စာရင်းဝင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

၂၀၁၆ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီတွင် ဆုအရေအတွက် များနိုင်ကြောင်းနှင့် ဆု ၁၂ ခု အဆင်သင့် ပြင်ထားကြောင်း သိရ

၂၀၁၆ ခုနှစ်အတွက် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီတွင် ဆုအရေအတွက် များနိုင်ကြောင်းနှင့် ဆု ၁၂ ခု အဆင်သင့် ပြင်ထားကြောင်းကို အကယ်ဒမီ စိစစ်ရွေးချယ်ရေး စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနှင်းမိုးက ပြောကြားခဲ့သည်။ မတ် ၁၈ ရက်တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ် မည်ဖြစ်သည့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ ထူးချွန်ဆုများအား စိစစ်ရွေးချယ်ပြီးဖြစ်ကာ အပြီးသတ် ဆုစာရင်း ရေးသွင်းမှုကို အကယ်ဒမီပွဲ မတိုင်မီ တစ်ပတ်အလိုတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။

‘အတ္တနောမတိ’များဟု အမည်ပေးထားသည့် ပန်းချီဦးဝင်းဖေ၏ တစ်ကိုယ်တော် ပန်းချီပြပွဲ ပြုလုပ်

‘‘အတ္တနောမတိ’’များဟု အမည်ပေးထားသည့် ပန်းချီဦးဝင်းဖေ၏ တစ်ကိုယ်တော် ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှ ဖေဖော်ဝါရီ ၂၁ ရက်အထိ ရန်ကုန်မြို့၊ ပြည် သူ့ဥယျာဉ်အတွင်းရှိ  The Yangon Gallery တွင် ပြုလုပ်လျက်ရှိကြောင်း သိရသည်။

မိုက်ကယ်ဂျက်ဆင်၏ Thriller က အမေရိကန်တွင် ချပ်ရေ ၃၃ သန်း ရောင်းချနိုင်သည့် အယ်လ်ဘမ်အဖြစ် စံချိန်ထပ်တင်


မိုက်ကယ်ဂျက်ဆင်၏ Thriller အယ်လ်ဘမ်က အမေရိကန်ဂီတသမိုင်း၌ ချပ်ရေ ၃၃ သန်း ရောင်းချနိုင်သည့် ပထမဆုံး အယ်လ်ဘမ်အဖြစ် စံချိန်သစ် တင်ခဲ့သည်ဟု အမေရိကန်တေးသံသွင်းအဖွဲ့ RIAA က ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၁၉၈၂ ခုနှစ်က ဖြန့်ချိခဲ့သည့် Thriller အယ်လ်ဘမ်၏ နောက်ဆုံးရောင်းချရသည့် ကိန်းဂဏန်းများကို RIAA က ထပ်မံထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းအယ်လ်ဘမ်တွင် ပါဝင်သည့် Beat It ၊ Billie Jean စသည့် သီချင်းများသည် အကြီးအကျယ် အောင်မြင်ခဲ့ပြီး ဂျက်ဆင်သည် ယင်းအယ်လ်ဘမ်ဖြင့် ဂရမ်မီဆု ရှစ်ဆု ရရှိခဲ့သည်။

Additional uncaught exception thrown while handling exception.

Original

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT 1 AS expression FROM {variable} variable WHERE ( (name = :db_condition_placeholder_0) ); Array ( [:db_condition_placeholder_0] => cron_last ) in variable_set() (line 1240 of /var/www/html/includes/bootstrap.inc).

Additional

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: SELECT fc.* FROM {field_config} fc WHERE (fc.active = :db_condition_placeholder_0) AND (fc.storage_active = :db_condition_placeholder_1) ; Array ( [:db_condition_placeholder_0] => 1 [:db_condition_placeholder_1] => 1 ) in field_read_fields() (line 372 of /var/www/html/modules/field/field.crud.inc).


Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 119377083958b707ced51344.39417859 ) in lock_release_all() (line 269 of /var/www/html/includes/lock.inc).