Entertainment

Iron Cross အဖွဲ့သားတွေရဲ့ ရေဘေးရန်ပုံငွေဖျော်ဖြေပွဲကို ပါဝင်ဆင်နွှဲနိုင်မယ့် ရက်သတ္တပတ်

ရေဘေးသင့်ဒေသတွေမှာ လက်ရှိအချိန်အထိ အနုပညာရှင်တွေ၊ ပြည်သူပြည်သားတွေ၊ ပရဟိတအဖွဲ့တွေစုပေါင်းလို့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်နေကြသလို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ် ဆောင်နိုင်ဖို့လည်း ပြင်ဆင်နေကြပါတယ်။ ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်တွေအတွက် ရန်ပုံငွေရှာဖွေတဲ့ ဖျော်ဖြေပွဲတွေကိုလည်း ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ စတဲ့ အနုပညာကဏ္ဍအသီးသီးက တာဝန်ကျေပွန်စွာ လုပ်ဆောင်နေကြပါတယ်။ ဒီတစ်ပတ်မှာလည်း ရေဘေးသင့်ဒေသတွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲတွေကို ရန်ကုန်မြို့မှာ ကျင်းပဖို့ စီစဉ်ထားကြပါတယ်။ ဒါကြောင့် အခုတစ်ပတ်အားလပ်ရက်မှာ နှစ်သက်ရာဖျော်ဖြေပွဲကို သွားရောက်ခံစားကြည့်ရှုရင်း ရေဘေးအလှူမှာ တတ်အားသရွေ့ပါဝင်နိုင်မှာပါ။

POLTERGEIST (3D) ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့ရှိ ရုပ်ရှင်ရုံများတွင် ရုံတင်

သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်သည့် POLTERGEIST(3D) ရုပ်ရှင်ကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ ၂၊ မင်္ဂလာစံပြ ရုပ်ရှင်ရုံများ၊ မန္တလေးမြို့ရှိ Mingalar Diamond Cineplexနှင့် ပြည်မြို့ရှိ  မင်္ဂလာထွန်းသီရိရုပ်ရှင်ရုံများတွင် စက်တင်ဘာ ၄  ရက်မှ စတင်ကာ ရုံတင်ပြသထားသည်။

အိမ့်ချစ်ရဲ့ ‘အချစ်ရေး’ ဗွီစီဒီပရိုမိုးရှင်းအခမဲ့ဖျော်ဖြေပွဲမှာ ပါဝင်ဆင်နွှဲနိုင်မယ့် ရက်သတ္တပတ်

 အခုတစ်ပတ်အားလပ်ရက်စနေနေ့မှာ အဆိုတော်အိမ့်ချစ်က ပရိသတ်တွေအတွက် ထူးခြားတဲ့အစီအစဉ်တစ်ခု စီစဉ်ထားပါတယ်။ အဲဒါကတော့ ‘အချစ်ရေး’  Music Video ထွက်ရှိတဲ့အထိမ်းအမှတ်ပရိုမိုးရှင်း အခမဲ့ဖျော်ဖြေပွဲပါပဲ။ စက်တင်ဘာ ၅ ရက်မှာ ဘိုဘိုအင်တာတိန်းမန့်ကနေ ဖြန့်ချိရောင်းချမယ့် အိမ့်ချစ်ရဲ့ ‘အချစ်ရေး’ ဗွီစီဒီပရိုမိုးရှင်းပွဲပါ။ ဒီအခမဲ့ဖျော်ဖြေပွဲကို စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီမှာ ရန်ကုန်မြို့ လှည်းတန်းစင်တာမှာ ပြုလုပ်မှာဖြစ်ပါတယ်။

နေ၀င်း (Snare) ၏ ငယ်ဘ၀ဖြတ်သန်းရာ

 ယခုတစ်ပတ်အတွက် အနုပညာရှင်ရဲ့ ငယ်ဘ၀အမှတ်တရကဏ္ဍမှာတော့ မြန်မာနိုင်ငံရဲ့ Hip Hop  ဂီတလောကမှာ နေရာတစ်ခုအခိုင်အမာရရှိထားတဲ့ Snare အဖွဲ့ဝင် နှစ်ဦးအနက် တစ်ဦးဖြစ်တဲ့ နေ၀င်းရဲ့ ငယ် ဘ၀ဖြတ်သန်းမှုအမှတ်တရအကြောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

 ၂၀၀၀ ပြည့်နှစ်လောက်ကတည်းက Hip Hop ဂီတရဲ့ Underground လောကကို စတင်ဝင်ရောက်ခဲ့တဲ့ နေ၀င်းကို ၁၉၈၇ ခုနှစ် ဧပြီ ၂၅ ရက်မှာ မွေးဖွားခဲ့ပါတယ်။ ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်းမောင်နှမ လေးယောက်ရှိတဲ့အနက် ဒုတိယမြောက်သားဖြစ်တယ်လို့လည်း သိရပါတယ်။

ပညာတတ်ထက်မြက်သော ကြည်ညိုလေးစာဖွယ်ကောင်းသည့် ခေါင်းဆောင်ကောင်းတစ်ယောက် မဲပေးရွေးချယ်နိုင်ဖို့အပါအ၀င် အချက်ငါးချက် ဖြေကြားခဲ့သည့် အလှမယ် Miss Myanmar International 2015 ဆု ဆွတ်ခူး

ပညာတတ်ထက်မြက်သော ကြည်ညိုလေးစား ဖွယ်ကောင်းသည့် ခေါင်းဆောင်ကောင်းတစ်ယောက် မဲပေးရွေးချယ်နိုင်ဖို့ အပြင်အချက်ငါးချက်ဖြင့် နောက်ဆုံးစကာတင် သုံးယောက်မေးခွန်းမေးမြန်း မှုတွင် ပြန်လည်ဖြေကြားခဲ့သည့် အလှမယ် အမရာငြိမ်းသည်Miss Myanmar International 2015 နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် Winner ဆု ကို ရရှိခဲ့သည်။

Miss Myanmar International 2015 နောက်ဆုံးအဆင့်ပြိုင်ပွဲကို သြဂုတ် ၃၀ရက် ညပိုင်းက ရန်ကုန်မြို့၊မြို့မကျောင်းလမ်းရှိ အမျိုး သားကဇာတ်ရုံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင် ခါးနံပါတ် ၁၄ အမရာငြိမ်းက ဆွတ်ခူးခဲ့သည်။