Entertainment

အနုပညာပျိုးခင်းက ပန်းတစ်ပွင့် သို့မဟုတ် သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ငယ်ဘ၀ဖြတ်သန်းရာ

ကလေးသရုပ်ဆောင် အဖြစ်ကနေ အရွယ်ရောက်လာတဲ့အခါ သရုပ်ဆောင် အလုပ်ကိုပဲ ဆက်လက် လုပ်ကိုင်ကြသူတွေ ရှိသလို မတူကွဲပြားတဲ့ နယ်ပယ်သစ်မှာ ကျင်လည် ဖြတ်သန်းကြသူတွေလည်း ရှိကြပါတယ်။ ဒီလို ကလေးသရုပ်ဆောင် အဖြစ်ကနေ အရွယ်ရောက်လာချိန်အထိ ပရိသတ် အားပေးမှုကို ရနိုင်သူတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုကို ဒီတစ်ပတ်မှာတော့ ဖော်ပြပေးချင်ပါတယ်။

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အမျိုးသမီးရုပ်ရှင်ပွဲတော်တွင် ပြသရန် Forgiving Sky မြန်မာမှတ်တမ်း ဇာတ်ကားကို ရွေးချယ်ထား

တရုတ်နိုင်ငံ၌ ပြုလုပ်မည့် အမျိုးသမီး ရုပ်ရှင်ပွဲတော်တွင် ပြသရန် Forgiving Sky မြန်မာမှတ်တမ်း ဇာတ်ကားကို ရွေးချယ်ထားကြောင်း သတင်းရရှိသည်။ China Women’s Film Festival မှာ တရုတ်နိုင်ငံရှိ အမျိုးသမီး ရုပ်ရှင် ဖန်တီးသူများ ထွက်ပေါ်လာစေရန်၊ ကမ္ဘာတစ်ဝန်းရှိ အမျိုးသမီးများ၊ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ ဇာတ်ညွှန်းပညာရှင်များ၊ ကင်မရာမန်းများ ဖန်တီးထားသည့် ဇာတ်ကားများကို ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ပေးပို့လာသည့် ဇာတ်ကားများတွင် အမျိုးသမီးများအတွက် အခွင့်အရေး၊ တန်းတူညီမျှမှုအပါအ၀င် အမျိုးသမီးများ အခန်းကနှင့် ပတ်သက်၍ ရိုက်ကူးထားသည့် ဇာတ်ကားများထဲမှ ရွေးချယ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

လူမှုကွန်ရက်တွင် မြန်မာ ပရိသတ်နှင့် ရင်းနှီးထားသူ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေ မြန်မာနိုင်ငံ၌ အနုပညာ လှုပ်ရှားမှုများ လာရောက် လုပ်ကိုင်မည်

လူမှုကွန်ရက်တွင် မြန်မာ ပရိသတ်နှင့် ရင်းနှီးပြီးဖြစ်သူ ဗီယက်နမ် အလှမယ် ငုရင်ထရန်ဟုရန်မေသည် Myanmar Media 7 နှင့် လက်တွဲကာ အနုပညာ လှုပ်ရှားမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

မြန်မာ ကလေးငယ်များအတွက် လှူဒါန်းသွားမယ့် အီတလီ အဆိုတော် Matteo Setti နဲ့ ချမ်းချမ်းတို့ရဲ့ ပရဟိတ ဖျော်ဖြေပွဲ ရက်သတ္တပတ်

တစ်ပတ်တာလုံးမှာ နေ့စဉ် စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်မှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြတ်သန်း အပြီးမှာတော့ စိတ်ရောလူပါ အနားယူရမယ့် အားလပ်ရက် စနေ၊ တနင်္ဂနွေကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။

လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို မိမိတို့ရဲ့ အားလပ်ရက်မှာ ခရီးတိုလေးထွက်လို့ အပန်းဖြေသူ ရှိသလို မိမိနှစ်သက်ရာ အနုပညာ ဖျော်ဖြေမှုတွေနဲ့ ကုန်ဆုံးလိုသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် မိသားစုနဲ့အတူ စားမြိန်ဖွယ်ရာ ချက်ပြုတ်စားသောက်ရင်း အားလပ်ရက်ကို ဖြတ်သန်းလိုသူတွေလည်း ရှိပါတယ်။

အမေရိကန် ရက်ပ်အဆိုတော် Sean Kingston မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရ နေရာဒေသများကို နောက်ခံထားကာ တေးသီချင်း အသစ်တစ်ပုဒ် ရိုက်ကူးခဲ့

အမေရိကန်ရက်ပ်အဆိုတော Sean Kingston သည် မြန်မာနိုင်ငံ ဖျော်ဖြေရေး ခရီးစဉ်တွင်  ရန်ကုန်မြို့ရှိ အထင်ကရ နေရာများကို နောက်ခံထားကာ တေးသီချင်း အသစ်တစ်ပုဒ် ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တေးသီချင်းကို You Tube မှ တစ်ဆင့် လွှင့်တင်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ Sean Kingston သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ ၂  ရက်တွင် ရောက်ရှိလာခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ မိုင်ဒါကွင်း၏ ဖျော်ဖြေ ခဲ့ခြင်းဖြစ်ကာ ယင်း ဖျော်ဖြေပွဲတွင် Sammie ၊ မြန်မာအနုပညာရှင် စန္ဒီမြင့်လွင်နှင့် အမွန်းတို့ ပါဝင် ဖျော်ဖြေ ခဲ့ခြင်းဖြစ်သည်။