Entertainment

တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်၏ နှစ်စဉ်ပြုလုပ်မြဲ ဧပြီ ၁၀ ရက်မွေးနေ့ဖျော်ဖြေပွဲ မန္တလေးမြို့တွင် ပြုလုပ်မည်

La La Land ဇာတ်ကားမှ ဆုအများဆုံး သိမ်းပိုက်ခဲ့သည့် ၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနား

၈၉ ကြိမ်မြောက် အော်စကာဆုပေးပွဲ အခမ်းအနားကို အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိမြို့၌ ဖေဖော်ဝါရီ ၂၆ ရက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၇ ရက် မနက် ၈ နာရီ)တွင် စတင်ကျင်းပပြီး La La Land ဇာတ်ကားမှ ဆုအများဆုံး သိမ်းပိုက်ရရှိခဲ့သည်။

သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဖို့ ရှိလဲ

ဖွေးဖွေး

လတ်တလောကတော့ ‘ရွှေကြာ’ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့အတွက် ၀ိတ်ချနေပါတယ်။ ကိုဝိုင်းက ပေါင် ၂၀ လောက် ချခိုင်းပေမယ့် လောလောဆယ်တော့ ၁၄ ပေါင်ပဲ ကျသေးတယ်။ ဒီဇာတ်လမ်းထဲက ရွှေကြာဇာတ်ရုပ် အတွက်တော့ PSI က ပညာပေးနေတဲ့ မိန်းကလေးတွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ကြိုတင်ပြင်ဆင်နေတာကတော့ လွန်ခဲ့တဲ့တစ်လလောက် ကတည်းကပါ။ ဇာတ်ကားရိုက်ကူးမှုမှာ စာချုပ်နဲ့စနစ်တကျချုပ်တယ် ဆိုတော့လည်း ပိုကောင်းပါတယ်။ ကိုဝိုင်းကိုလည်း ယုံကြည်တဲ့အတွက် ဒီဇာတ်ကားလေးကို လက်ခံထားတာပါ။ ဒီဇာတ်ကားပြီးရင် ကိုဝိုင်းရိုက်ကူးမယ့် ‘သမ္မတကြီးထံပေးစာ’ ဇာတ်ကားရိုက်ကူးဖို့ လက်ခံထားတာ ရှိပါတယ်။

ပရဟိတ လုပ်ဆောင်မှုအတွက် ရီဟားနားကို ဟားဗတ်ဒ်တက္ကသိုလ်က ဆုချီးမြှင့်မည်

R&B အဆိုတော် ရီဟားနား၏ ပရဟိတလုပ်ဆောင်မှုများ အတွက် Humanitarian of The Year ဖြင့် ဂုဏ်ပြုမည်ဟု ဟားဗတ်ဒ်တက္ကသိုလ်က ဖေဖော်ဝါရီ ၂၂ ရက်က ထုတ်ပြန်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ်ရှိ ရီဟားနားကို ဖေဖော်ဝါရီ ၂၈ ရက်တွင် ဟားဗတ်ဒ်တက္ကသိုလ်၌ အဆိုပါဆုကို ပေးအပ်မည်ဟု သိရသည်။