Editorials

ခွဲခြားဆက်ဆံခြင်း

လူမှုရေးရာကိစ္စများတွင် လူပုဂ္ဂိုလ်တစ်ဦး၏ ပင်ကိုအရည်အချင်းထက် အဆိုပါပုဂ္ဂိုလ်ပါဝင်သည့် အုပ်စု၊ လူတန်းစား သို့မဟုတ် အမျိုးအစားအပေါ် အခြေခံလျက် ဦးစားပေးခြင်း သို့မဟုတ် ဆန့်ကျင်ခြင်းအားဖြင့် ပြုမူဆက်ဆံခြင်း၊ စဉ်းစားသုံးသပ်ခြင်း သို့မဟုတ် ခွဲခြားဆုံးဖြတ်ခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟုခေါ်သည်။ ယင်းတွင် ၎င်းတို့ အမှန်တကယ် ပါဝင်သော သို့မဟုတ် ပါဝင်သည်ဟု ထင်မြင်ယူဆသော သက်ဆိုင်ရာအုပ်စု သို့မဟုတ် လူအုပ်စုအမျိုးအစားအပေါ် အခြေခံလျက် လူပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် လူအုပ်စုတစ်စုကို လူများဆက်ဆံလေ့ရှိပုံထက် ပိုမိုဆိုးရွားသောပုံစံဖြင့် ပြုမူဆက်ဆံခြင်း ပါဝင်သည်။

တိုင်းပြည်ငြိမ်းချမ်းရေးနှင့် နိုင်ငံသားများ၏ဘ၀ မြင့်မား တိုးတက်ရေး

“တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ လူနေမှုဘ၀၊ တိုင်းသူပြည်သားတွေဘ၀ မြင့်မားတိုးတက်ရေး အဲဒီအတွက်ကိုပဲ ဆက်ကြိုးစားသွားမှာပါ”၊ “ပြည်သူတွေရဲ့ အလှူဟာ ဘာကို ပြသလဲဆိုရင် ပြည်သူတွေဟာ ငြိမ်းချမ်းရေးရဖို့ ဘယ်လောက် ဆာလောင်မွတ်သိပ်နေကြတယ်၊ ငြိမ်းချမ်းတဲ့ ဘ၀ကို ဘယ်လောက် လိုချင်နေကြတယ်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်ပြီး လူထုလူတန်းစား အဖွဲ့အစည်း အသီးသီးနဲ့ ဆွေးနွေးညှိနှိုင်း အဖြေရှာနေကြတဲ့ အပေါ်မှာ ဘယ်လောက်ယုံကြည် အားထားမှု ရှိတယ် ဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီနှစ်အတွင်းမှာ ပြည်သူတွေအတွက် ၀မ်းမြောက်ဖွယ်ရာ ရလဒ်ကောင်းများ ရရှိလိမ့်မယ်လို့ မျှော်လင့်မိပါတယ်” ဟူသည့်

ဆွဲဆောင်သိမ်းသွင်းခြင်းနှင့် အသိပေးခြင်း

မိန့်ခွန်းများ ပြောကြားရာတွင် လည်းကောင်း၊ အဆိုပြုချက်များ ရေးသားရာတွင် လည်းကောင်း အဓိက အမျိုးအစား နှစ်ရပ် ရှိသည်။ ၎င်းတို့မှာ ဆွဲဆောင်သိမ်းသွင်းသည့် မြွက်ကြားချက် (Persuasive Speech) နှင့် အသိအမြင် အချက်အလက်များပေးသည့် မြွက်ကြားချက် (Informative Speech) တို့ ဖြစ်ကြသည်။ ပြောသူ သို့မဟုတ် ရေးသူသည် အချက်အလက်များ ပေးလိုသလား၊ သို့တည်းမဟုတ် ထင်မြင်ယူဆချက် တစ်ရပ် ပေးလိုသလားဟူသည့် အချက်အပေါ် လိုက်၍လည်း ကွဲပြားခြားနားနိုင်သည်။

ကမ္ဘာ့ဘဏ်၏ သုံးသပ်ချက်နှင့် မြန်မာနိုင်ငံ၏ စီးပွားရေး

၂၀၁၇ ခုနှစ် ဧပြီလတွင် ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ စီးပွားရေးအပေါ် သုံးသပ်ချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရအဖွဲ့သစ်က စီးပွားရေးမူဝါဒသစ်များ စတင်ခဲ့ပြီး ကျန်းမာရေးနှင့် ပညာရေးကဏ္ဍ မဟာဗျူဟာသစ်များကို အပြီးသတ်ကာ အာဟာရနှင့် ကျေးလက်ဖွံ့ဖြိုးရေးကဲ့သို့သော ဦးစားပေး လုပ်ငန်းသစ်များကို ပြဋ္ဌာန်းလျက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့် လုပ်ဆောင်ခဲ့ကြောင်းနှင့် ပြုပြင်ပြောင်းလဲမှုများ ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်ရန်၊ ချမ်းသာကြွယ်ဝမှုများကို အားလုံးအတွက် မျှဝေ ဖန်တီးပေးရန်နှင့် နိုင်ငံအတွက် အာရှ၌ စီးပွားရေးအရ ဒိုင်းနမစ်အဖြစ်ဆုံး နိုင်ငံတစ်နိုင်ငံအဖြ

သင်္ကြန္တ ကူးပြောင်းခြင်း သို့မဟုတ် မြန်မာ့ရိုးရာ နှစ်သစ်ကူးပွဲတော် သင်္ကြန်

‘သင်္ကြန္တ’ ဟူသော သက္ကတပုဒ်မှ ပြောင်းလဲလာသော မြန်မာစကားမှာ သင်္ကြန်ဖြစ်သည်ဟူ၍ လည်းကောင်း၊ ‘သင်္ကန္တ’ ဟူသော ပါဠိပုဒ်မှ ဆင်းသက်လာသော ဝေါဟာရအဖြစ် လည်းကောင်း မှတ်တမ်းမှတ်ရာများတွင် ဖော်ပြထားသည်။

မြန်မာတို့၏ နှစ်သစ်ကူးပွဲတော် ကျင်းပခြင်းနှင့် ပတ်သက်ပြီး ပုဂံခေတ် မြန်မာသက္ကရာဇ် ၆၅၃ ခုနှစ်တွင် ရေးထိုးခဲ့သော စောလှဝန်း ဘုရားကျောက်စာ၌ ‘မိဖုန်၊ သင်္ကြန်၊ စာရိယ်၊ ညောင်ရိယ်၊ သွန့်မပြယ်၊ စိတ်လျှင်တည်၏’ ဟူသော ဝေါဟာရများအား ရေးထိုးထားကြောင်းလည်း သိရသည်။