Editorials

မိုးရာသီနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်ဖြစ်စဉ်များ ကြုံတွေ့ခဲ့ရသည့် သမိုင်းမှတ်တမ်းများရှိသည့်အနက် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုအပြီးတွင်မူ မိုးလေ၀သဆိုင်ရာသတင်းများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များနှင့် ပတ်သက်၍ အများပြည်သူအကြား ပိုမိုအလေးထား သတိပြုလာကြသည်။ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲမှုများက ပိုမိုလျင်မြန်လာသည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် အပူချိန်မြင့်တက်ခြင်း၊ ရေကြီးရေလျှံခြင်း၊ အချိန်အခါမဟုတ် မိုးရွာသွန်းခြင်း အပါအ၀င် ပုံမှန်မဟုတ်သော ဆိုးရွားသည့် ရာသီဥတု ပြောင်းလဲမှုဖြစ်စဉ်များကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခံစားလာကြရသည်။

စေ့စပ်ညှိနှိုင်းခြင်းဖြင့်သာ

ကွဲပြားခြားနားချက်များကို ဖြေရှင်းရန် နည်းလမ်းတစ်ရပ်မှာ စေ့စပ်ညှိနှိုင်းခြင်းဖြစ်သည်။ အငြင်းပွားမှုများနှင့် ငြင်းဆိုမှုများကို ရှောင်ရှားလျက် သဘောတူညီချက် သို့မဟုတ် ကတိက၀တ်ပြုမှုဆီသို့ရောက်အောင် သွားရသည့် လုပ်ငန်းစဉ်ကို စေ့စပ်ညှိနှိုင်းခြင်းဟု ခေါ်ဆိုသည်။ မည်သည့် သဘောမတူညီနိုင်မှု၌မဆို လူပုဂ္ဂိုလ်အသီးသီးသည် မိမိတို့ရပ်တည်ရာဘက် သို့မဟုတ် မိမိတို့ကိုယ်စားပြုသော အဖွဲ့အစည်းအတွက် ဖြစ်နိုင်သမျှ အကောင်းဆုံး ရလဒ်ရရှိရန် ရည်ရွယ်ထားကြောင်း နားလည်ရမည်ဖြစ်သည်။ သို့သော် တရားမျှတသည့် သဘောတရားစည်းမျဉ်းများအရ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးကို ထိန်းသိမ်းလျက် အပြန်အလှန် အကျိုးရှိမည့်အချက်ကို ရှာဖွေခြင်းသည် အောင်မြင်သောရလဒ

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင် ပြည်ထောင်စုတစ်ဝန်းမှ ပြည်သူများကို ရည်မှန်းချက် သုံးရပ်ကို အသိပေးလိုကြောင်း ပြောကြားခဲ့ကာ “ပထမအချက်မှာ နိုင်ငံရေးပြဿနာများ၏ ဖြေရှင်းချက်ဖြစ်သည့် “ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေး”မှာ မိမိတို့၏ ပန်းတိုင်ဖြစ်ကြောင်း၊ ဒုတိယအချက်ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (Nation-wide-Ceasefire Agreement - NCA) ကို လက်မှတ် ရေးထိုးရေး၊ တတိယအချက်မှာ လက်ခံကျင့်သုံးနေသည့် ညှိနှိုင်းဆောင်ရွက်ရေးမူ ဖြစ်ကြေ

ကတိသစ္စာ တည်သောခါဝယ်

“ကတိသစ္စာ တည်သောခါဝယ် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်၏” ဟူသော ဆိုရိုးစကားသည် မြန်မာစာပေ၌ အထင်အရှား ရှိနေဆဲဖြစ်သည်။ လူအများစုသည် အချိန်မရွေး ကတိများ ပေးတတ်ကြသည်။ သို့သော် ပေးခဲ့သည့် ကတိများ တည်စေရန် မည်သို့မည်ပုံ ထိန်းသိမ်းတတ်ကြပါသနည်း။ လူတစ်ဦးအတွက် ဘ၀၌ ပေးခဲ့သမျှ ကတိအားလုံး တစ်ခုမကျန် တည်အောင် ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ မိမိအနေဖြင့် ကတိမည်မျှကို ချိုးဖောက်ခဲ့ပြီး ကတိများအား မည်သို့မည်ပုံ ကိုင်တွယ်ခဲ့သနည်း ဟူသည်မှာ မိမိကိုယ်မိမိ နားလည်ရန် အတွက် အဓိကအချက်ဖြစ်သည်။ အဘိဓာန်၌ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ ကတိဟူသည် တစ်စုံတစ်ဦး အနေဖြင့် သတ်မှတ်ထားသည့် တစ်စုံတစ်ရာကို ပြုလုပ်ပါမည် သို့မဟုတ် ရှောင်ကြဉ်ပါမည်ဟူသော

အလုပ်လက်မဲ့ဖြစ်မှုနှုန်း လျှော့ချရေးနှင့် စီးပွားရေးကြီးထွားမှု အလားအလာ

နိုင်ငံ၏အလုပ်လက်မဲ့ပြဿနာများ တဖြည်းဖြည်း လျော့နည်းကျဆင်းလာရေး နိုင်ငံတော်အစိုးရမှ စနစ်တကျ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ရေး တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်၌ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက မေ ၂၅ ရက်တွင် တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နေပြည်တော် အပါအ၀င် တိုင်းဒေသကြီး ၁၅ ခု၌ လူဦးရေ ၅၁ ဒသမ ၄၉ သန်း နီးပါးရှိပြီး အလုပ်လုပ်နိုင်သည့် အသက် ၁၅ နှစ်မှ ၆၄ နှစ်အထိသည် ၃၂ ဒသမ ၉၈ သန်း ရှိပြီး အလုပ်မလုပ်နိုင်တော့သည့် အသက် ၆၅ နှစ်နှင့်အထက်မှာ ၂ ဒသမ ၉ သန်းရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက ဆွေးနွေးတင်ပြသည်။ “ဒီလူဦးရေ စာရ