Editorials

စိုက်ပျိုးမြေ၊ စားကျက်မြေနှင့် အထွေထွေမြေယာစီမံခန့်ခွဲမှု

စိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံ၏ ရာခိုင်နှုန်း ၇၀ ကျော်မှာ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သော တောင်သူလယ်သမားများ ဖြစ်သည်နှင့်အညီ မြေယာဆိုင်ရာ ကိစ္စများမှာ အရေးကြီးပါသည်။ စီမံကိန်းနှင့် အခြားသောကိစ္စရပ်များအတွက် မြေယာသိမ်းဆည်းခြင်းကြောင့် ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်များ၊ ဖြေရှင်းနေရဆဲ အခြေအနေများ နှင့် ၀ိဝါဒကွဲပြားစရာ ကိစ္စရပ်များ အများအပြားရှိနေသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ မြေယာအသုံးပြုမှုနှင့် ပိုင်ဆိုင်ခွင့်များအတွက် နည်းမှန်လမ်းမှန်ဖြင့် စည်းစနစ်ကျနမှု၊ သတ်မှတ်ဥပဒေများအတိုင်း အံဝင်ခွင်ကျရှိမှု၊ တန်းတူမျှတမှုများမှာ အရေးပါနေမည် ဖြစ်သည်။ ထိုသို့ မဟုတ်ပါက 

ဖားကန့်၊ လက်ပံတောင်းနှင့် အကျိုးအမြတ် ခံစားခွင့်

သယံဇာတ ပေါကြွယ်ဝသော်လည်း စနစ်တကျ ထုတ်ယူမှု မရှိခြင်း၊ စီမံခန့်ခွဲမှု လွဲမှားခြင်း၊ အဂတိလိုက်စားမှု ပြဿနာများ ရှိခဲ့ခြင်းကြောင့် ထိုက်သင့်သော အကျိုးခံစားခွင့်များကို ရသင့်ရထိုက်သည့် ပမာဏ မရရှိမှုအတွက် အကောင်းဆုံး ဥပမာမှာ ဖားကန့်ဒေသကိုပင် ညွှန်ပြရမည် ဖြစ်သည်။

ချစ်ခြင်းမေတ္တာ၏အကြောင်း

ချစ်ခြင်းမေတ္တာဟူသည် ကွဲပြားခြားနားသော ခံစားမှုအမျိုးမျိုး၊ စိတ်အခြေအနေ အဖုံဖုံနှင့် စိတ်သဘောထား အရပ်ရပ် ရောပြွမ်းနေသော အရာဖြစ်သည်။ “အမေ့ကို ချစ်တယ်” ဟူသော ပုဂ္ဂိုလ်နှစ်ဦးအကြား မေတ္တာတရားမှသည် “ဒီဟင်းကို ကြိုက်တယ်” ဟူ သည့် ကျေနပ်မှု အရသာအထိ အတိုင်းအတာ ကျယ်ပြောလှသည်။ ပြင်းထန်သော ဆွဲဆောင်မှုနှင့် ပတ်သက်သည့် စိတ်ခံစားမှုတစ်ရပ် သို့မဟုတ် လူပုဂ္ဂိုလ်တို့အကြား သံယောဇဉ်တစ်ရပ်ကိုလည်း ရည်ညွှန်းနိုင်သည်။ လူသားတို့၏ မေတ္တာ၊ ကရုဏာနှင့် အကြင်နာတရားကိုလည်း ကိုယ်စားပြုသည်။ လူတစ်ဦးက အခြားတစ်ဦးအပေါ် တစ်ကိုယ်ကောင်း မဆန်သော၊ သစ္စာရှိသော၊ စေတနာထားသော သဘောထားကို ဆိုလိုသည်။ အခြားလူသားများ သို့မဟုတ် မိမိကိုယ်တိုင် သို့မဟု

ပင်လုံစာချုပ် လက်မှတ်ရေးထိုးသည့်နေ့ (သို့မဟုတ်) ပြည်ထောင်စုနေ့

ပြည်ထောင်စုနေ့ အခမ်းအနားများကို နှစ်စဉ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြန်မာတစ်နိုင်ငံလုံး၌ ကျင်းပလေ့ရှိပါသည်။ ပြည်ထောင်စုနေ့ အစပြုရာ လွတ်လပ်ရေးအကြို ပင်လုံစာချုပ်ကို အဆိုပါ ဖေဖော်ဝါရီ ၁၂ ရက်တွင် လက်မှတ်ရေးထိုး ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ရှမ်းပြည်နယ် ပင်လုံမြို့၌ စာချုပ်ချုပ်ဆိုခဲ့ကာ ထိုစာချုပ် ချုပ်ဆိုခဲ့သောနေ့အား ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် နှစ်ပေါင်း ၇၀ ပြည့်ပြီ ဖြစ်သည်။ ၁၉၄၇ ခုနှစ် ပင်လုံမြို့တွင် ပြုလုပ်ခဲ့သော အစည်းအဝေးကြီးတွင် ထိုစဉ်က မြန်မာပြည်ဘုရင်ခံ၏ အမှုဆောင်ကောင်စီမှ အဖွဲ့ဝင်အချို့နှင့်  ရှမ်းပြည်နယ်၊ ချင်းတောင်တန်းဒေသတို့မှ

စိတ်ငြိမ်းချမ်းမှု

စိုးရိမ်ပူပန်မှုများ၊ ကြောက်လန့်မှုများနှင့် စိတ်ဖိစီးမှုများ မရှိဘဲ စိတ်ပိုင်းဆိုင်ရာနှင့် ခံစားမှုအရ တည်ငြိမ်နေသော အခြေအနေတစ်ရပ်ကို စိတ်ငြိမ်းချမ်းမှုဟု ခေါ်သည်။ ယင်းအနေအထား၌ စိတ်သည် ငြိမ်သက်နေပြီး ပျော်ရွှင်မှုနှင့် လွတ်လပ်မှုကို တွေ့ကြုံခံစားရသည်။ ယင်းကဲ့သို့သော ငြိမ်းချမ်းသည့် အချိန်အခိုက်အတန့်များသည် ရှားပါးလှသည်ကား မဟုတ်ပေ။ လူတို့အနေဖြင့် စိတ်နစ်မြုပ်နေသော သို့မဟုတ် စိတ်ဝင်တစားဖြစ်နေသော  လုပ်ဆောင်ချက်တစ်ရပ်အတွင်း၌ ရှိသည့်အခါ ယင်းအနေအထားကို တွေ့ကြုံခံစားရနိုင်သည်။ ဥပမာအားဖြင့် ရုပ်ရှင်တစ်ကား ကြည့်နေခြင်း၊ ချစ်သောသူနှင့်အတူရှိခြင်း၊ စာအုပ်တစ်အုပ်ကို စိတ်ပါဝင်စားစွာ ဖတ်နေခြင်းနှင့် သဲသောင်ပြင်၌