Business

ကမ္ဘာ့ရွှေဈေး ၁၀ ဒေါ်လာခန့် ခုန်တက်ခဲ့ခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၅၀၀၀ အထိရှိလာ

မေ ၁၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၂၄၄ ဒေါ်လာအထိ ပြန်လည် မြင့်တက်ခဲ့ပြီး နိုင်ငံခြားငွေလဲနှုန်းလည်း တက်ရိပ်ပြနေခြင်းကြောင့် ပြည်တွင်း ရွှေဈေးနှုန်းကျပ် ၉၀၅၀၀၀ အထိ ရောက်ရှိလာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ဒေါ်လာဈေးအညွှန်းကိန်း ခြောက်လအတွင်း အနိမ့်ဆုံးနှုန်း ကျခဲ့သော်လည်း ပြည်တွင်း ဈေးကွက်တွင် ၁၃၆၂ ကျပ်အထိ ဆက်လက်မြင့်တက်

မေ ၁၇ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေးအညွှန်းကိန်း ခြောက်လအတွင်း အနိမ့်ဆုံးနှုန်းသို့ ကျဆင်းခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၂ ကျပ်အထိ မြင့်တက်ခဲ့ကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

တစ်နေ့လျှင် တန် ၁၀၀ ကျ ဖွဲနုဆီစက်ရုံသုံးရုံအား မြောင်းမြ၊ ကျိုက်လတ်နှင့် ရန်ကုန်မြို့တွင် ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည်

တစ်နေ့လျှင် တန် ၁၀၀ ကျ ဖွဲနုဆီ စက်ရုံသုံးရုံအား မြောင်းမြ၊ ကျိုက်လတ်နှင့် ရန်ကုန်မြို့တို့တွင် ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လယ်ယာစီးပွားရေး အများပိုင်ကော်ပိုရေးရှင်း (MAPCO) မှ မန်နေဂျင်းဒါရိုက်တာ ဦးရဲမင်းအောင်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အိမ်ခန်းပေါင်း ၈၀၀၀ တည်ဆောက်မည့် စီမံကိန်းကို ၂၀၁၈ မတ်လအတွင်း ပြီးစီးရန် မျှော်မှန်းထား

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်နှစ်အတွင်း အိမ်ခန်းပေါင်း ၈၀၀၀ တည်ဆောက်မည့်စီမံကိန်းကို လာမည့် ၂၀၁၈ ခုနှစ် မတ်လအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ရန်ကုန်စတော့အိတ်ချိန်းတွင် သီလ၀ါရှယ်ယာနှင့် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာတန်ဖိုးများ စံချိန်တင် ကျဆင်းမှု ဖြစ်ပေါ်နေ

ရန်ကုန်စတော့အိတ်ချိန်းတွင် ရောင်းချနေသည့် သီလ၀ါရှယ်ယာနှင့် ပထမပုဂ္ဂလိကဘဏ်၏ ရှယ်ယာဈေးနှုန်းများ စံချိန်တင် တန်ဖိုးကျဆင်းမှု ဖြစ်ပေါ်နေပြီး သီလ၀ါရှယ် ရှယ်ယာတစ်စု ကျပ် ၃၉၀၀ နှင့် ပထမပုဂ္ဂ လိကဘဏ်ရှယ်ယာတစ်စု ကျပ် ၂၇၀၀၀ အထိ တန်ဖိုးကျဆင်းမှု ဖြစ်ပေါ်နေကြောင်း မေ ၁၅ ရက်တွင် ဖြစ်ပေါ်သည့် ရန်ကုန်စတော့ အိတ်ချိန်း၏ အရောင်းအ၀ယ် ဖြစ်ပေါ်မှုများမှ သိရသည်။