Business

အိမ်ရာဝယ်ယူရေးအတွက် အသက်သာဆုံးသော နှစ်ရှည်အတိုးနှုန်းဖြင့် ချေးငွေများပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စီစဉ်နေ

အိမ်ရာဝယ်ယူရေးအတွက် အသက်သာဆုံးသော နှစ်ရှည်အတိုးနှုန်းဖြင့် ချေးငွေများပေးရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ စီစဉ်နေကြောင်း သိရသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ မတည်ရင်းနှီးငွေမှာ ကျပ်ဘီလျံ ၁ဝဝ ရှိပြီး ဆောက်လုပ်ရေးဝန်ကြီး၏ ကြီးကြပ်မှုဖြင့် မတည်ငွေ ၁၄ ရာခိုင်နှုန်းခန့်နှင့် အခြားသော ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများ၏ မတည်ငွေများဖြင့် ဖွဲ့စည်းထားပြီး အစိုးရကလည်း ထောက်ပံ့ပေးနေလျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ အိမ်ရာဝယ်ယူရေးအတွက် ချေးငွေများပေးမည့် အစီအစဉ်ကို ဒီဇင်ဘာလ ဒုတိယပတ်က ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့ခြင်းဖြစ်သည်။

များပြားနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုကို ရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက ကြေညာ

များပြားနေသော ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုများကို ရုံးပိတ်ရက်များတွင်ပါ ဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြေညာခဲ့သည်။

ယာဉ်အို၊ ယာဉ်ဟောင်းဖျက်သိမ်း အပ်နှံခြင်းကို ပြည်နယ်တိုင်းဒေသကြီးရုံးများတွင် ယာဉ်ဟောင်းအပ်နှံမှု များပြားလာနိုင်သည့် အခြေအနေများကြောင့် ရုံးပိတ်ရက်များဖြစ်သည့် ဒီဇင်ဘာ ၂၇  ရက်နှင့် ၂၈ ရက်တို့တွင် ယာဉ်အို၊ ယာဉ်ဟောင်း ဖျက်သိမ်းအပ်နှံမှုများကို  လက်ခံဆောင်ရွက်ပေးမည်ဟု ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

အခွန်ဦးစီးဌာနက ထိပ်တန်းအခွန်ထမ်း ၁၀၀၀ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်သည့် ACE အပါအ၀င် ခရိုနီကုမ္ပဏီများ၏ အခွန်ဆောင်မှုစာရင်းကို ထပ်မံထုတ်ပြန်

၂ဝ၁၃-၂ဝ၁၄ စည်းကြပ်နှစ်အတွက် စည်းကမ်းအတိုင်း အချိန်မီ တရားဝင်ပေးဆောင်သည့် ထိပ်တန်းအခွန်ထမ်း ၁ဝဝဝ စာရင်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း တည်ထောင်ပိုင်ဆိုင်လုပ်ကိုင်ခဲ့သော ACE ကုမ္ပဏီအပါအဝင် ခရိုနီကုမ္ပဏီအချို့ပါသော အခွန်ပေးဆောင်မှုစာရင်းကိုလည်း ပြည်တွင်းအခွန်ဦးစီးဌာနက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။

သီလ၀ါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် မော်တော်ယာဉ် လာရောက်အပ်နှံမှု များနေပြီး ပြင်ပတွင် အစီးရေ တစ်ထောင်ကျော် စောင့်နေရ

ဒီဇင်ဘာ နောက်ဆုံးပတ် သီလ၀ါ ယာဉ်အိုယာဉ်ဟောင်း လက်ခံဌာနတွင် မော်တော်ယာဉ် လာရောက်အပ်နှံမှု များပြားနေပြီး ပြင်ပတွင် အစီးရေ တစ်ထောင်ကျော် စောင့်ဆိုင်းနေရကြောင်း အဆိုပါနေရာတွင် ယာဉ်လာရောက် အပ်နှံသူများထံမှ သိရသည်။

“ကျွန်တော်ဆို မနက် ၄ နာရီကစပြီး ကားအပ်ဖို့လာပြီး တန်းစီနေတာ။ အခုညနေအထိ ကိုက် ၁၀၀ လောက်ပဲ ရှေ့တိုးလို့ရတယ်။ ကျွန်တော့် တုံကင်နံပါတ်က ၉၀၀ ကျော်တယ်။ ဒီနေ့ တုံကင်ပေးထားတာက ၁၀၀၀ ကျော်အထိ ရှိတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်မှ မော်တော်ယာဉ် လာရောက်အပ်နှံသူ တစ်ဦးက ပြောကြားသည်။

အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် ချေးထားသောငွေများကို SMEs များသို့ ဗဟိုဘဏ်က ရှစ်ရာခိုင်နှုန်းကျော်ဖြင့် ပြန်ချေးသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ဗဟိုဘဏ် ပြောကြား

ပြည်တွင်းရှိ အသေးစားနှင့်အလတ် စားစီးပွားရေးလုပ်ငန်း (SMEs) များကို ပြည်ပမှ ဝ ဒသမ ဝ၁ ရာခိုင်နှုန်းဖြင့် ချေး ယူထားသောငွေများကို ဗဟိုဘဏ်က ရှစ် ရာခိုင်နှုန်းကျော်ဖြင့် ပြန်ချေးသည်ဆိုခြင်းမှာ  မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။