Business

ရန်ကုန်နှင့် မန္တလေးမြို့တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်နှင့်ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ မဖြစ်နိုင်သောကြောင့် သတိပြုကြရန် ရွှေအသင်းအတွင်းရေးမှူး အသိပေး

ရန်ကုန်နှင့် မန္တလေးရွှေဈေးကွက်တွင် ရွှေတန်ချိန်လိုက်ဝယ်ယူမည်ဆိုကာ ရွှေဆိုင်များနှင့် ရွှေရောင်းဝယ်သူများထံ ဆက်သွယ်မှုများရှိနေပြီး ဈေးကွက်အနေအထားအရ အဆိုပါကိစ္စမဖြစ်နိုင်ဘဲ သတိပြုကြရန် မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက အသိပေးပြောကြားသည်။

ဒီဇင်ဘာလအတွက် နစ်ကေး အာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ အညွှန်းကိန်း ဆက်လက်ကျဆင်း

၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွက် ထုတ်ပြန်သော နစ်ကေးအာဆီယံ စက်မှုကုန်ထုတ်လုပ်ငန်း PMI အညွှန်းကိန်း (Manufacturing Purchasing Manager's Index - ၀ယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း) တွင် မြန်မာနိုင်ငံက ၄၉ ဒသမ ၄ မှတ်ရရှိခဲ့ပြီး ကုန်ထုတ်လုပ်မှု၊ ကုန်အမှာစာများ ကျဆင်းကာ လုပ်ငန်းများအတွက် ကုန်ကျစရိတ်နှင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း သိရသည်။

ရန်ကုန်၊ မန္တလေးမြို့ အပါအ၀င် နေပြည်တော် အိမ်ခြံမြေဈေးကွက်ပါ လှုပ်ရှားလာပြီး ၂၀၁၇ ခုနှစ်အတွင်း ပိုမိုကောင်းမွန်လာဖွယ်ရှိကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများ သုံးသပ်

၂၀၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်၊ မန္တလေး အပါအ၀င် နေပြည်တော် အိမ်ခြံမြေ ဈေးကွက်များပါ လှုပ်ရှားလာကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်း ပိုမိုကောင်းမွန်လာဖွယ် ရှိကြောင်း အိမ်ခြံမြေ ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်ဟု House.com.mm က ဇန်န၀ါရီ ၅ ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ၂၀၂၂ ခုနှစ်တွင် နေ့စဉ် စီးနင်းသူ ၂၆၃၀၀၀ အထိ တိုးတက်ရန် မျှော်မှန်းထားပြီး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ODA ချေးငွေအပြင် ဘက်စုံသုံး ဒီဇယ်လျှပ်စစ်ရထားများ ၀ယ်ယူနိုင်ရန် မေတ္တာရပ်ခံထား

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်း စီမံကိန်းအရ ၂၀၂၂ ခုနှစ်တွင် နေ့စဉ်စီးနင်းသူ ၂၆၃၀၀၀ အထိ တိုးတက်ရန် မျှော်မှန်းထားပြီး စီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ODA ချေးငွေအပြင် ဘက်စုံသုံး ဒီဇယ်လျှပ်စစ်ရထားများကိုပါ မြန်မာနိုင်ငံအနေဖြင့် ၀ယ်ယူနိုင်ရန် မေတ္တာရပ်ခံထားကြောင်း ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ခြင်းစီမံကိန်း ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာ အပြီးသတ်မူကြမ်းအရ သိရသည်။

NLD အစိုးရလက်ထက်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုရှိပြီး မဂ္ဂါဝပ် ၁၆၅၀ ကျော် ထွက်ရှိမည်ဖြစ်ကာ လက်ရှိ ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ် တစ်ယူနစ် ကျပ် ၅၀ မှ ၇၀ ကြားရှိနေ

NLD အစိုးရလက်ထက်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်စီမံကိန်း ရှစ်ခုရှိပြီး မဂ္ဂါဝပ် (MW) က ၁၆၅၀ ကျော် ထွက်ရှိမည်ဖြစ်ကာ လက်ရှိမြန်မာနိုင်ငံ၏ ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်သည် တစ်ယူနစ်လျှင် ကျပ် ၅၀ မှ ၇၀ ကြားရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းထံမှ သိရသည်။

လက်ရှိအစိုးရမှ ဦးစီးဆောင်ရွက်နေသော ရေအားလျှပ်စစ်စီမံကိန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်နေသော ရေအားလျှပ်စစ်စီမံကိန်းများ၏ စုစုပေါင်း စက်တပ်ဆင်အားသည် မဂ္ဂါဝပ် ၃၂၀၀ ခန့် ရှိနေပြီဖြစ်သည်။