မောင်တောဒေသတွင် အကြမ်းဖက်မှုစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၇ ရက်ထိ ARSA ဘင်္ဂါလီ အကြမ်းဖက် ၅၀ ဦး ဖမ်းဆီးရမိထားပြီး စက်တင်ဘာလ ၇ ရက်တွင် နေအိမ် ၃၅ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်

မောင်တောဒေသတွင် အကြမ်းဖက်မှုစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လ ၂၅ ရက်မှ စက်တင်ဘာလ ၇ ရက်ထိ ARSA ဘင်္ဂါလီ အကြမ်းဖက် ၅၀ ဦး ဖမ်းဆီးရမိထားပြီး စက်တင်ဘာလ ၇ ရက်တွင် နေအိမ် ၃၅ လုံးခန့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီ ထုတ်ပြန်
Published 9 September 2017

သတင်းထုတ်ပြန်ရေး ကော်မတီ

မောင်တောမြို့၊ ဒိုးတန်းကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အကြမ်းဖက် တိုက်ခိုက်ရာ၌ ပါဝင်ခဲ့သည့် မာမောက်အဏ္ဏဝါ (ဘ) ဆူလေမန်၊ ဒိုးတန်းကျေးရွာနေသူပါ ၁၁ ဦးအား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၆ ရက် ညနေ ၅ နာရီခွဲတွင် မောင်တောမြို့နယ်၊ သက္ကာယ်ပြင် ကျေးရွာသို့ နယ်မြေလုံခြုံရေး ဆောင်ရွက်ရန် ထွက်ခွာလာစဉ် ဇင်ပိုင်ညာကျေးရွာ လမ်းဆုံ၌ မာမတ်အာရစ် (ဘ) လာမျှား၊ အီတာလျာ ကျေးရွာနေသူပါ ၂ ဦးအား ဖမ်းဆီးရမိသဖြင့် သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်၍ စက်တင်ဘာ ၇ ရက် နေ့လည် ၁၂ နာရီတွင် မောင်တောမြို့နယ် ဂေါ်ဒူသာရ (အရှေ့) ကျေးရွာရှိ နေအိမ်များ မီးလောင်မှုသတင်းနှင့် စပ်လျဉ်း၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက နေအိမ်မီးရှို့သူများအား လိုက်လံစုံစမ်းစစ် ဆေးလျက်ရှိပြီး မီးလောင်မှုုဖြစ်စဉ်ကြောင့် နေအိမ် အလုံး ၃၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး စက်တင်ဘာ ၇ ရက်ည ၇ နာရီ ၁၅ မိနစ်တွင် မောင်တောမြို့နယ် ကြိမ်ချောင်းမြောက်ကျေးရွာရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် အလုံး ၅ လုံး မီးလောင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် မြောက်ခြမ်းဒေသအတွင်း အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်တွင် ပါဝင်ခဲ့ကြသည့် ARSA အစွန်းရောက် အကြမ်းဖက်သမားများအနက် သြဂုတ် ၂၅ ရက်နေ့တွင် ၂ ဦး၊ သြဂုတ် ၂၉ ရက်နေ့တွင် ၂ ဦး၊ သြဂုတ် ၃၀ ရက်နေ့တွင် ၄ ဦး၊ သြဂုတ် ၃၁ ရက်နေ့တွင် ၇ ဦး၊ စက်တင်ဘာ ၂ ရက်နေ့တွင် ၁ ဦး၊ စက်တင်ဘာ ၃ ရက်နေ့တွင် ၁၂ ဦး၊ စက်တင်ဘာ ၅ ရက်နေ့တွင် ၃ ဦး၊ စက်တင်ဘာ ၆ ရက်နေ့တွင် ၆ ဦး၊ စက်တင်ဘာ ၇ ရက်နေ့တွင် ၁၃ ဦး၊ စုစုပေါင်း ၅၀ ဦးအား ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းများ၌ ဥပဒေနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

Most Read

Most Recent