ကမ္ဘာ့ရွှေဈေး ၁၃၃၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၀၀၀ ကျော်၌ ဆက်ရှိနေ

ကမ္ဘာ့ရွှေဈေး ၁၃၃၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၇၀၀၀ ကျော်၌ ဆက်ရှိနေ
Published 8 September 2017

စက်တင်ဘာ ၇ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၃၇ ဒေါ်လာဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ပြည်တွင်းဈေးကွက်၌ ရွှေဈေးနှုန်း ကျပ် ၉၄၇၀၀၀ ကျော်၌ ဆက်ရှိနေကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှ စတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး သြဂုတ် ၉ ရက်တွင် ၉၁၀၀၀၀ ခန့်၊ သြဂုတ် ၁၀ ရက်တွင် ကျပ် ၉၁၂၈၀၀ အထိ ပြန်ရောက်ခဲ့သည်။ ထို့နောက်ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက်တွင် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ၉၄၅၈၀၀၊ စက်တင်ဘာ ၄ ရက် ၉၄၇၅၀၀၊ စက်တင်ဘာ ၆ ရက်တွင် ၉၄၉၇၀၀ အထိ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၇ ရက်တွင် ၉၄၇၇၀၀ အထိ ပြန်ကျခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၃၀၃ ဒေါ်လာအထိ ပြန်ကျခဲ့သော်လည်း မွန်းလွဲပိုင်း တွင် ၁၃၁၆ ဒေါ်လာ အထိပြန်တက်ခဲ့ပြီး စက်တင်ဘာ ၁ ရက်တွင် ၁၃၂၄ ဒေါ်လာအထိ၊ စက်တင်ဘာ ၄ ရက်တွင် ၁၃၃၇ ဒေါ်လာ၊ စက်တင်ဘာ ၅ ရက်တွင် ၁၃၄၄ ဒေါ်လာအထိ ရောက်ခဲ့သည်။ စက်တင်ဘာ ၆ ရက် ညနေပိုင်းတွင် ၁၃၃၁ ဒေါ်လာအထိ ကျဆင်းခဲ့ပြီး စက်တင်ဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် ၁၃၃၇ အထိ ပြန်တက်ခဲ့သည်။

Most Read

Most Recent