<

မောင်တောမြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဘင်္ဂါလီကျေးရွာ မီးလောင်ကျွမ်းနေ

မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းအနီးရှိ ဘင်္ဂါလီကျေးရွာတွင် ယနေ့ (စက်တင်ဘာ ၆ ရက်) ည ၈ နာရီ ခန့်မှစ၍ နေအိမ် ၄၀ ခန့် မီးလောင်ကျွမ်းမှု ဖြစ်ပေါ်နေပြီး ဒေသခံများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ရန် ကြိုးစားနေကြောင်း သိရသည်။

“ရဲစခန်းရှေ့နားကနေ ဘုန်းတော်ကြီးကျောင်း နံရံနားအထိ မီးကူးပြီးလောင်နေတယ်။ ဒေသခံတွေ ငြှိမ်းသတ်နေဆဲပါ။ အခုထိမီးကလောင်နေတုန်း။ နေ့လယ်အထိ ဘင်္ဂါလီတွေ အဲဒီမှာ ရှိနေတယ်လို့ ရွာသားတွေက ပြောကြတယ်။ အခုတော့ မီးရှို့ထွက်ပြေးသွားတာ ဖြစ်ပါတယ်” ဟု ဒေသခံ တိုင်းရင်းသား ဦးကျော်လှထွန်းက ပြောသည်။

အဆိုပါကျေးရွာကို ကြိမ်ချောင်းအလယ်ရွာဟု ခေါ်ဆိုကြောင်းလည်း သိရသည်။

 

September 6, 2017














Copy Protected by Chetan's WP-Copyprotect.