<

မောင်တောမြို့နယ်တွင် မင်္သကာသူငါးဦး ဖမ်းဆီးရမိခဲ့ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စစ်ဆေးနေ

ဖမ်းဆီးခံထားရသည့် မင်္သကာသူ ၅ ဦးနှင့် ARSA အစွမ်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင် မောင်တောမြို့ ဒီပါလ်ရာကျေးရွာရှိ နေအိမ်များ မီးလောင်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ – သတင်းထုတ်ပြန်ရေး ကော်မတီ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပချီးယားတန်းကျေးရွာနှင့် ပညောင်ပင်ကြီး ကျေးရွာတို့အား ယနေ့နံနက် ၁၁ နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ နယ်မြေရှင်းလင်းစဉ် မသင်္ကာသူ ငါးဦးအား ဖမ်းဆီးရမိခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဥပဒေနှင့်အညီ စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ရေး ကော်မတီမှ သိရသည်။

ထို့အပြင် မောင်တောမြို့နယ် မြို့မကညင်တန်းအုပ်စု ဒီပါလ်ရာကျေးရွာ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ယနေ့မွန်းလွှဲ ၁ နာရီခွဲက နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ပေးမှုကြောင့် နေအိမ် သုံးလုံးသာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ နယ်မြေတည်ငြိမ် အေးချမ်းရေး ဆောင်ရွက်မှုကြောင့် ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၈၇ ဦး အသေရရှိကာ (၃၈) ဦးဖမ်းဆီးရမိခဲ့ပြီး ကျေးရွာပေါင်း (၆၀)၊ အိမ်အလုံးရေ (၆၈၄၅)လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

September 6, 2017














Copy Protected by Chetan's WP-Copyprotect.