ကျိုက်မရောဒေသ ပျားတောင်အမြင့်ပေ ၂၇၀ သည် ဘိလပ်မြေ ကုန်ကြမ်းထုတ်ယူမှုကြောင့် လက်ရှိတွင် ပေ ၉၀ သာကျန်ရှိကြောင်း ကျိုက်မရောပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ကျိုက်မရောဒေသ ပျားတောင်အမြင့်ပေ ၂၇၀ သည် ဘိလပ်မြေ ကုန်ကြမ်းထုတ်ယူမှုကြောင့် လက်ရှိတွင် ပေ ၉၀ သာကျန်ရှိကြောင်း ကျိုက်မရောပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 7 September 2017

ကျိုက်မရော၊ ပျားတောင်ဒေသ ပုံစံငယ်အား တွေ့ရစဉ်

ကျိုက်မရောမြို့နယ်ဒေသရှိ ယခင်ပျားတောင်သည် အမြင့်ပေ ၂၇၀ ရှိရာရာမှ ဘိလပ်မြေကုန်ကြမ်း ထုတ်ယူမှုကြောင့် လက် ရှိပေ ၉၀ သာ ကျန်ရှိတော့ကြောင်း၊ ဆက်လက်ထုတ်လုပ်ပါက၊ အနာဂတ် မျိုးဆက်သစ်များ ရာသီဥတုဆိုးကျိုး ခံစားမှု မရှိစေရန်၊ ဥပဒေနှင့်အညီ အရေးယူရန်၊ ဒေါ်ခင်မျိုးမြင့် (ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ အမှတ်-၂ မဲဆန္ဒနယ်) က ကျင်းပလျက်ရှိသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်တွင် MCL ဘိလပ်မြေစက်ရုံ၏ ခွင့်ပြုချက်မဲ့၊၂၀-မဂ္ဂါဝပ်ကျောက်မီး သွေးဓာတ်အားပေးစက်ရုံ သုံးစွဲမှုကို ဥပဒေနှင့်အညီ အရေးယူပေးရန် အဆိုကို အတည်ပြုရန် ထောက်ခံဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးသွားသည်။

“သထုံမြို့နယ်အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူ တင်သွင်းသွားတဲ့ ကျိုက်မရောမြို့နယ် အတွင်းရှိ  Mawlamyine Cement Limited (MCL) ဘိလပ်မြေစက်ရုံမှ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (၂၀) မဂ္ဂါဝပ်နှစ်လုံးအား စက်ရုံတည်ဆောက်ရန် ခွင့်ပြုမိန့် ရယူထားခြင်း မရှိသည့်တွက် ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်ပေးပါရန် တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်မှ အတည်ပြုရန် ထောက်ခံဆွေးနွေးသွားပါမယ် ရင်းနှီးမြှုပ်နံှသူများသည် ထုတ်ပြန်ထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာရမှာ ဖြစ်ပါတယ်။ MCL စက်ရုံကြီးသည် ဒေသထွက် သယံဇာတကို ထုတ်သုံးပြီး အခွန်ရရှိမှု အားနည်းပါတယ်။ ကျွန်မတို့ မြို့နယ်ထဲမှာ သယံဇာတ ကုန်သွားတယ်။ သိသာထင်ရှားတာ ပြနေပါပြီ။ ပျားတောင်သည် အရင်က ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၂၇၀ ရှိပါတယ်။ အဲဒီအမြင့်ပေ ၂၇၀ ရှိတဲ့ ပျားတောင်ကို ဒီနေ့ MCL စက်ရုံက ဖြိုချလိုက်တာ အမြင့်ပေ ၉၀ အနေအထားမှာသာ ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါတယ်။ ဆက်ပြီး ပျားတောင်ကို (၄၅) နှစ် ထုတ်လုပ်ခွင့် ပေးထားတယ်ဆိုတော့ ဒီနေ့ မိုးရွာနေတာ ဒီတောင်တွေရှိလို့ပါ။ နောင်လာမယ့် မျိုးဆက်တွေအတွက် ရာသီဥတုဆိုးကြိုး မခံစားရအောင် ဥပဒေနဲ့အညီ အရေးယူရန် အဆိုကို အတည်ပြုရန် ထောက်ခံတင်ပြပါတယ်” ပြောကြားသည်။

အဆိုကို အတည်ပြုရန် ထောက်ခံတင်ပြသူ ကိုယ်စားလှယ်ခြောက်ဦး ရှိသော်လည်း၊ ကန့်ကွက်မှုရှိ၍ လျှို့ဝက်မဲဆန္ဒဖြင့် မဲခွဲရာ၊ တက်ရောက်သူ ကိုယ်စားလှယ်(၂၈)ဦးတွင် ထောက်ခံသူ ၁၇ ဦး၊ ကန့်ကွက်သူ ခုနစ်ဦး၊ ပယ်မဲလေးဦးဖြင့် မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌက အတည်ပြုကြောင်း ကြေညာသည်။

 

Most Read

Most Recent