မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက် အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား

မီးတိုက်ရွာ ကင်းစခန်းကို ARSA အစွန်းရောက် အကြမ်းဖက်သမားများ လုပ်သေနတ်များဖြင့် ပစ်ခတ်မှုဖြစ်ပွား
Published 4 September 2017

မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းအား ARSA အစွန်းရောက် အကြမ်းဖက်သမားများ လာရောက်ပစ်ခတ်သဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့သည့် နေရာပြမြေပုံ (ဓာတ်ပုံ - သတင်းထုတ်ပြန်ရေးကော်မတီ)

စက်တင်ဘာ ၃ ရက် ည ၁၀ နာရီခန့်က ARSA အစွန်းရောက် အကြမ်းဖက်သမား ၂၀ ခန့်သည် မောင်တော မြို့နယ် မီးတိုက်ရွာ ကင်းစခန်းအနောက်ဘက် ကိုက် ၅၀ ခန့်အကွာမှ လုပ်သေနတ်များဖြင့် လာရောက် ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့် အကြာတွင် အကြမ်းဖက်သမားများ ပြန်လည် ဆုတ်ခွာသွားကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းပစ်ခတ်မှုတွင် အစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ပြီး တူမီးသေနတ် ၁ လက်၊ ခဲသီး ၈ လုံး၊ ယမ်းဗူး ၂ ဗူး၊ ဓားကောက် ၁ လက်၊ ဓာတ်မီး ၁ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များသည် နယ်မြေ (၉) သင်္ဘောကွေ့ ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမား (၃၀) ခန့်ဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး လုပ်သေနတ် ၁ လက်နှင့် ARSA အစွန်းရောက် အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ကြောင်းလည်း သိရသည်။

 

 

Most Recent