တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက် တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများအား သိမ်းဆည်းရမိ

တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက် တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများအား သိမ်းဆည်းရမိ
Published 4 September 2017

Photo Credit - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တောင်ပြိုလက်ဝဲကျေးရွာရှိ ရဲကင်းစခန်းအား အကြမ်းဖက် တိုက်ခိုက်ရန် ရေးဆွဲထားသည့် မြေပုံများအား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု လုပ်ရပ်များကြောင့် နယ်မြေတည်ငြိမ် အေးချမ်းစေရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စိုးရိမ်ကြောင့်ကြမှုများ ကင်းဝေးကာ အေးချမ်းစွာ နေထိုင်လုပ်ကိုင် စားသောက်နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်စဉ် စက်တင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲကျေးရွာသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ အဆိုပါ ကျေးရွာ၊ အမှတ်(၁)ရပ်ကွက်ရှိ မော်လဝီအရှားဒူလာ၏ နေအိမ်မှ တောင်ပြိုရဲကင်းစခန်းအား တိုက်ခိုက်ရန် မြန်မာဘာသာနှင့် ဘင်္ဂါလီဘာသာ ၂ မျိုးဖြင့် ရေးဆွဲထားသော မြေပုံစာရွက်များအား ရှာဖွေတွေ့ရှိခဲ့ကြောင်း  သိရသည်။

အဆိုပါနေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent