ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားဟောင်း ဆရီနာဝီလျံ ပထမဆုံး သမီးဦးရင်သွေး မွေးဖွား

ကမ္ဘာ့အဆင့် (၁) တင်းနစ်ကစားသမားဟောင်း ဆရီနာဝီလျံ ပထမဆုံး သမီးဦးရင်သွေး မွေးဖွား
Published 3 September 2017

ကမ္ဘာ့အဆင့် (၁) ကစားသမားဟောင်းဖြစ်သည့် အမေရိကန်တင်းနစ်မယ် ဆရီနာဝီလျံသည် စက်တင်ဘာ ၁ ရက်တွင် ပထမဆုံး ရင်သွေးဖြစ်သည့် သမီးဦးမွေးဖွားခဲ့ကြောင်း သိရသည်။

ယခုလကုန်ပိုင်းတွင် အသက် ၃၆ နှစ် ပြည့်မည့် ဆရီနာဝီလျံသည် Reddit လူမှုကွန်ရက် ပူးတွဲတည်ထောင်သူ အလက်ဆစ် အိုဟာနီယန်နှင့် စေ့စပ်ကြောင်းလမ်းထားပြီး ပထမဆုံးရင်သွေးကို ဖလော်ရီဒါပြည်နယ် West Palm Beach မြို့ရှိ စိန့်မေရီ ဆေးရုံ၌ မွေးဖွားခဲ့ခြင်းဖြစ်သည်။ ရင်သွေး မွေးဖွားသည့်သတင်းအား ဆရီနာဝီလျံ၏ ကိုယ်စားလှယ်များက အတည်ပြုကြေညာခြင်း မရှိသေးသော်လည်း ဖလော်ရီဒါအခြေစိုက် WPBF ရုပ်သံဌာနက ဆေးရုံရှိ သတင်းရင်းမြစ်များကို ကိုးကား၍ ကလေးငယ်သည် ခြောက်ပေါင်နှင့် ၁၃ အောင်စ အလေးချိန်ရှိကြောင်း ဖော်ပြခဲ့သလို US Weekly မဂ္ဂဇင်းကလည်း သမီးဦးမွေးဖွားသည်ဟု အတည်ပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။ ထို့ပြင် ဆရီနာဝီလျံ၏နည်းပြဖြစ်သူ မိုရာတိုဂလူး၊ စပိန် တင်းနစ်သမား ရာဖေးလ်နဒါးလ်၊ အမေရိကန် ဂန္ထဝင်ကစားသမား ခရစ္စအီဗတ်နှင့် နာမည်ကြီး ပေါ့ပ်ဂီတအဆိုတော် ဘီယွန်းစေးတို့ကလည်း လူမှုကွန်ရက် မီဒီယာအသီးသီးတွင် ၎င်းအတွက် ဂုဏ်ပြုဆုတောင်းစာများ ရေးသားဖော်ပြခဲ့ကြသည်။

Most Read

Most Recent