<

မောင်တောမြို့နယ်မြောက်ပိုင်း ကျောက်လှေကားဘင်္ဂါလီကျေးရွာတွင် ပိတ်မိနေသော ဟိန္ဒဘာသာဝင် ၃၂ ဦးကို ပြင်ဖြူနယ်မြေ နယ်ခြားစောင့်ရဲမှ ကယ်ထုတ်ခဲ့ကြောင်း သိရ

မောင်တောမြို့နယ်မြောက်ပိုင်း ကျောက်လှေကားဘင်္ဂါလီကျေးရွာတွင် ပိတ်မိနေသော ဟိန္ဒဘာသာဝင် ၃၂ ဦးကို ပြင်ဖြူနယ်မြေ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ စက်တင်ဘာ ၁ ရက်က ကယ်ထုတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟိန္ဒူဘာသာဝင်များသည် ကျောက်လှေကား ဘင်္ဂါလီကျေးရွာဈေးတွင် ဆံပင်ညှပ်ဆိုင်ဖွင့်ကာ လုပ်ကိုင်စားသောက်သူများဖြစ်ပြီး သြဂုတ် ၂၅ ရက်ကတည်းက ထွက်မရဘဲ ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မနေ့ (စက်တင်ဘာ ၁ ရက်) က ကျောက်လှေကားရွာမှာ ပိတ်မိနေတဲ့ ဟိန္ဒဘာသာဝင် ၃၂ ဦးကို သွားကယ်ထုတ်ပြီး ကျီးကန်းပြင်ဌာနချုပ်ကို ပို့လိုက်တယ်။ အဲဒီကနေတစ်ဆင့် မောင်တောက မိသားစုတွေဆီ ပို့မှာဖြစ်ပါတယ်” ဟု ပြင်ဖြူစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထို့အပြင် သြဂုတ် ၃၁ ရက်က မောင်တောမြို့နှင့် နှစ်မိုင်အကွာတွင် ပိတ်မိနေသည့် လသာ ဟိန္ဒူကျေးရွာသားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ခဲ့သော်လည်း ခမောင်းဆိပ်ကျေးရွာတွင် နေထိုင်သည့် ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၄၀ ကျော် လူဦးရေ ၁၀၀ ကျော်မှာ ဆက်သွယ်မရဘဲ ပျောက်ဆုံးနေကြောင်း သိရသည်။

အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက သြဂုတ် ၂၅ ရက်မှ စတင်ကာ မောင်တောမြို့နှင့် မောင်တောမြို့ ပတ်ဝန်းကျင်ကျေးရွာများအား တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံ တိုင်းရင်းသားများမှာ စစ်တွေမြို့နှင့် ဘူးသီးတောင်မြို့နယ်များသို့ ထွက်ပြေး တိမ်းရှောင်ရလျက် ရှိသည်။

September 2, 2017














Copy Protected by Chetan's WP-Copyprotect.