<

ထိုင်းနိုင်ငံမှ မြ၀တီမြို့သို့ ဘင်္ဂါလီခြောက်ဦး အထောက်အထားမဲ့ ၀င်လာစဉ် ဖမ်းဆီးရမိ

ကရင်ပြည်နယ် မြ၀တီမြို့အမှတ်(၁) ရပ်ကွက် သောင်ရင်းကမ်းစပ် ကျောက်တန်း စက်လှေဂိတ်တွင် ထိုင်းနိုင်ငံဘက်မှ မြ၀တီမြို့သို့  အထောက်အထားမဲ့ ခိုးဝင်လာသော ဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီးခြောက်ဦးကို အောက်တိုဘာ ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာနိုင်ငံ မြ၀တီမြို့သို့ တရားမ၀င် ၀င်ရောက်လာသော ဘင်္ဂါလီလူမျိုးခြောက်ဦးတို့ကို BFG တပ်နယ် (၃) မှ အရာခံ ဗိုလ်မျိုးနောင်၊ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ထိန်းသိမ်းထားကြောင်း သတင်းအရ မြ၀တီမြို့မ ရဲစခန်းမှူး ဒုရဲမှူးမင်းကိုနှင့် ရဲတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးကာ မြို့နယ်လ၀ကရုံးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မြ၀တီမြို့သို့ အထောက်အထားမဲ့ဝင် ရောက်လာသည့် ဘင်္ဂါလီများသည် ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ဘုမေရွာ၊ သက်ကယ်ပြင်ကျေးရွာနှင့် မြောက်ဦးမြို့နယ် ကုန်းဘောင်ရွာတို့မှဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသို့ အထောက်အထားမဲ့ ၀င်ရောက်ခဲ့သလို မြန်မာနိုင်ငံသို့လည်း အထောက်အထားမဲ့စွာ စက်လှေစီး၍ တရားမ၀င် ၀င်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ တရားမ၀င် ခိုးဝင်လာသူ မာဂျူး(၃၀ နှစ်) ကုန်းဘောင်ရွာ၊ မြောက်ဦးမြို့နေသူ အပါအ၀င် ခြောက်ဦးအား မြ၀တီမြို့မရဲစခန်းမှ (ပ) ၈၂၀/၂၀၁၈ လ၀ကအက် ၁၃(၁) အမှုဖွင့် အရေးယူ စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

October 10, 2018














Copy Protected by Chetan's WP-Copyprotect.