လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် ပတ်သက်၍ အချိန်မီဖြေရှင်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်( ကရင်နီပြည်) ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်း

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် ပတ်သက်၍ အချိန်မီဖြေရှင်းပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ်( ကရင်နီပြည်) ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်း
Published 10 July 2017

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် ပတ်သက်၍ အချိန်မီ ဖြေရှင်းပေးစေလိုကြောင်းနှင့် ပညာရှင်များအား ခေါ်ယူ၍ စစ်ဆေးစေပြီး ဆက်လက်အသုံးပြုရန် မသင့်ပါက တာဝန်ရှိသူများက အသစ်တည်ဆောက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ကယားပြည်နယ် (ကရင်နီပြည်) ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

လွိုင်ကော်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမနှင့် ပတ်သက်၍ ကယားပြည်နယ် (ကရင်နီပြည် ) ကျောင်းသားများသမဂ္ဂမှ သတင်းစာရှင်းလင်းပွဲအား မတ် ၁၆ ရက် နံနက်တွင် နာနတ်တောရပ်ကွက်ရှိ ကျောင်းသားရုံးတွင် ကျင်းပသည်ဟု သိရသည်။

ပြည်နယ်ကိုယ်စားပြု၊ ကျောင်းသားကိုယ်စားပြုသော ဘွဲ့နှင်းသဘင်ခန်းမနှင့် ပက်သက်၍ အချိန်မီဖြေရှင်းပေးစေလိုကြောင်းနှင့် ပညာရှင်များအား ခေါ်ယူ၍ စစ်ဆေးစေပြီး ဆက်လက်အသုံးပြုရန် မသင့်ပါက တာဝန်ရှိသူများမှ ပြန်လည်အသစ် တည်ဆောက်ပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားသည် ။

Most Read

Most Recent