ရန်ကုန်တိုင်းအတွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် ထိရောက်မှု ရှိစေရေး မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းမည်

ရန်ကုန်တိုင်းအတွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် ထိရောက်မှု ရှိစေရေး မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီများ ဖွဲ့စည်းမည်
Published 7 October 2018

ရန်ကုန်မြို့ ကမ်းနားလမ်းတွင် သွားလာနေသော ကွန်တိန်နာ ယာဉ်များအား တွေ့ရစဉ်

ရန်ကုန်တိုင်းအတွင်း ယာဉ်စည်းကမ်း ထိန်းသိမ်းရာတွင် ထိရောက်မှုရှိစေရေးအ တွက် မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှု လက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

“ယာဉ်စည်းကမ်း ထိန်းသိမ်းတဲ့နေရာမှာ ထိရောက်မှု ရှိစေဖို့အတွက် မြို့နယ်အလိုက် မော်တော်ယာဉ်ပေါင်းစုံ စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီတွေ ဖွဲ့စည်းသွားနိုင်ဖို့ စီစဉ်ဆောင်ရွက် နေပါတယ်” ဟု ဝန်ကြီးဒေါ်နီလာကျော်က ပြောကြားသည်။

ထို့ပြင် ရန်ကုန်မြို့တော်အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျှော့ချနိုင်ရေးနှင့် အများပြည်သူ သွားလာမှု အဆင်ပြေစေရေးအတွက် ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်များအား ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၇ ရက်မှစ၍ ယာဉ် + ကုန်ကိုးတန်၊ ဝင်ရိုးနှစ်ချောင်း၊ ခြောက်ဘီးအထက် ယာဉ်များအား ည ၉ နာရီမှ နောက်တစ်နေ့ နံနက် ၆ နာရီအထိ မောင်းနှင်ခွင့်ပြုရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၃) ၌ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကုန်သေတ္တာတင်ယာဉ်နှင့် ကုန်တင်ယာဉ်များ စနစ်တကျ သွားလာနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း၊ ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများ ကုန်စည်စီးဆင်းမှု ပိုမိုလျင်မြန်စွာ သွားလာနိုင်ရေးအတွက် လမ်းကြောင်းများ ထပ်မံရွေးချယ်ခဲ့ရာ ယာဉ်ကြောပိတ်ဆို့မှု နည်းပါးသည့် လမ်းများဖြစ်သော မဟာဗန္ဓုလတံတား၊ ရှုခင်းသာလမ်း၊ ရတနာလမ်း၊ မောင်းမကန်လမ်း၊ ပဲခူးမြစ်လမ်း၊ အမှတ်(၂)သန်လျင်တံတား၊ ရွှေပြည်သာ လှိုင်သာယာမှလာသော ကုန်သေတ္တာယာဉ်နှင့် ကုန်တင်ယာဉ်ကြီးများအတွက် သုဓမ္မာလမ်း၊ ဗိုလ်မှူးဗထူးလမ်း၊ ပြည်ထောင်စုလမ်း၊ အမှတ် (၂) လမ်း၊ မောင်းမကန်လမ်းတို့အား နေ့အချိန် ၁ နာရီမှ ၃ နာရီအတွင်း ဖြတ်သန်းမောင်းနှင်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏၂၀၁၇ မတ် ၁၅ ရက် နေ့စွဲပါ စာအမှတ်၊ ၄/၇-၂(၂၀) ဖြင့် ခွင့်ပြုပေးခဲ့ကြောင်း ဝန်ကြီးဒေါ်နီလာကျော်က ဆက်လက်ပြောကြားသည်။

 

Most Read

Most Recent