ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ထောင်ခြောက်လ ချမှတ်

ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူးအား ထောင်ခြောက်လ ချမှတ်
Published 10 July 2017

ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံအား ညစ်ညမ်းပုံသဖွယ် ပြုပြင်၍ Facebook ပေါ်တင်ခဲ့သော ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းအား ကန်ကြီးထောင့်မြို့နယ် တရားရုံးက မတ် ၂၈ ရက်တွင် ထောင်ဒဏ်ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဓာတ်ပုံများကို Thu Thu ဆိုသည့်အကောင့်မှ ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး ယင်းအကောင့်ကို သုံးစွဲသူမှာ  ကန်ကြီးထောင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရ၍ ထောင်ဒဏ် ခြောက်လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထောင်ဒဏ်ခြောက်လ ချမှတ်ခံရသူ ဦးသန်းထွန်းအား စီရင်ချက်အပေါ် ကျေနပ်မှု ရှိ မရှိ မေးမြန်းရာတွင် “ကျွန်တော့်မှာ ဝဋ် ကြွေးပါလို့ ခံရတာပါ။ အခုလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်တာပဲ။ အယူခံတက်ဖို့လည်း အစီအစဉ် မရှိပါဘူး” ဟု ပြောကြားသည်။

အဆိုပါအမှုမှာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၇ ရက်က ကန်ကြီးထောင့်မြို့မရဲစခန်း တွင်  NLD ပါတီဝင် ကိုစည်သူအောင်က ဦးသန်းထွန်းအား  (ပ) ၁၅၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent