မောင်တောမြို့နယ်၊ လသာကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတို့မှ ဟိန္ဒူဘာသာဝင်များအား လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ထုတ်ပြန်

မောင်တောမြို့နယ်၊ လသာကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတို့မှ ဟိန္ဒူဘာသာဝင်များအား လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ထုတ်ပြန်
Published 1 September 2017

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

မောင်တောမြို့နယ်၊ လသာကျေးရွာနှင့် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာတို့မှ ဟိန္ဒူဘာသာဝင်များအား လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့နံနက်ပိုင်းက သတင်းထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ်မြောက်ပိုင်း ဒေသအတွင်း အကြမ်းဖက်မှု ဖြစ်စဉ်နောက်ပိုင်း မောင်တောမြို့နယ် အတွင်းရှိ လသာကျေးရွာမှ ဟိန္ဒူဘာသာဝင် ဒေသခံပြည်သူများအား ပတ်ဝန်းကျင် ဘင်္ဂါလီကျေးရွာများမှ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက အမျိုးမျိုးခြိမ်းခြောက် နှောင့်ယှက်လာသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိလာသောကြောင့် ဆက်လက် နေထိုင်ရန် မဖြစ်နိုင်တော့ကြောင်း မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးမှတစ်ဆင့် နယ်မြေခံတပ်မဌာနချုပ်သို့ ယနေ့နံနက်ပိုင်းတွင် သတင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ သတင်းရရှိပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက အဆိုပါကျေးရွာသို့ သွားရောက်၍ ရပ်မိရပ်ဖများအား ခေါ်ယူတွေ့ဆုံပြီး ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၇၀ စု၊ လူဦးရေ ၄၄၄ ဦးတို့အား ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများရန်မှ လွတ်ကင်းသည့် မောင်တောမြို့ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရဥည်။

ထို့အတူ ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာ၊ အမှတ်(၉) ရပ်ကွက်တွင် နေထိုင်သည့် ဟိန္ဒူဘာသာဝင် ၁၉၉ ဦးကိုလည်း ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားများရန်မှ လွတ်ကင်းသည့် အမှတ်(၄)ရပ်ကွက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်ပါစောင့်ကြပ်၍ ပြောင်းရွှေ့နေရာ ချထားပေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent