ကျောက်ဖြူတွင် အသက် ရှစ်နှစ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး

ကျောက်ဖြူတွင် အသက် ရှစ်နှစ် ကလေးတစ်ဦး ဓာတ်လိုက်သေဆုံး
Published 10 July 2017

ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ် ဆားပြင်ရပ်ကွက်နေ (ဘ)ဦးလှမြင့် (မိ)မခင်းဝင်း၏သား အသက်ရှစ်နှစ် မောင်ဇော်နေထွန်းမှာ ၂၀၁၆ ခုနှစ် မေ ၂၆ ရက် နံနက် ၅ နာရီခွဲခန့်က ဓာတ်လိုက် သေဆုံးသွားကြောင်း သိရသည်။

“ဟုတ်ပါတယ် ကျွန်မတွေ့တဲ့အချိန်မှာ မောင်လေးက အသက်မရှိတော့ပါဘူး။ အိမ်ခြံ အပြင်ဘက် လမ်းဘေးမှာ သေဆုံးနေတာကို တွေ့တယ်။ အဲဒါကြောင့် အိမ်နီးနားက ကိုမောင်တိုနဲ့အတူ အိမ်ပေါ်ကို ပွေ့ချီတင်ပြီး အဖေနဲ့အမေတို့ကို အခေါ်ခိုင်းလိုက်တာပါ။ အဖေက မနက်ကတည်းက အလုပ်ဆင်းသွားပြီ။ အမေက ဈေးဝယ်သွားနေပါတယ်” ဟု သေဆုံးသူ၏ အစ်မ မညိုညိုသန်းက ဆိုသည်။

“ကျွန်တော်နဲ့ မညိုညိုသန်းတို့တွေ့တဲ့အချိန် မောင်ဇော်နေထွန်း အသက်မရှိတော့ပါဘူး။ ကလေးဘေးနားမှာ ဓာတ်တိုင်ပေါ်က ပြတ်ကျနေတဲ့ မီးကြိုးတွဲလောင်းကြီးကို တွေ့ပါတယ်။ ကလေးအလောင်းကို အိမ်ပေါ်တင် ပြီးတာနဲ့ ရုံးကိုသွားပြီး သတင်းပို့လိုက်ပါတယ်” ဟု ကိုငတိုက ဆိုသည်။

အဆိုပါလူသေမှုနှင့် ပတ်သက်၍ ကျောက်ဖြူရဲစခန်း တာဝန်ကျ တပ်ကြပ်ကြီးတင်ရွှေက တရားလိုပြုလုပ်ပြီး သေမှုသေခင်း အမှတ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ပြီး ကျောက်ဖြူ ရဲစခန်းမှူး ဒုရဲမှူးမိုးဇော်သူက စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent