မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံခြား ကုမ္ပဏီများ MIC သို့ လာရောက်ဆွေးနွေးနေ

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံခြား ကုမ္ပဏီများ MIC သို့ လာရောက်ဆွေးနွေးနေ
Published 8 July 2017

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားပေး စီမံကိန်းကြီးများ ဝင်ရောက်လုပ်ကိုင်နိုင်ရန် နိုင်ငံခြား ကုမ္ပဏီများမှ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) သို့ လာရောက် ဆွေးနွေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“အခု ဆွေးနွေးနေတာတော့ ရှိပါတယ်။ သတင်းကတော့ ထုတ်ပြန်လို့ မရသေးပါဘူး။ လျှပ်စစ်စီမံကိန်းတွေက အနည်းဆုံး ဒေါ်လာ သန်း ၃၀၀ လောက်ရှိတော့ တချို့ဟာတွေဆိုရင် သန်း ၅၀၀ လောက်အထိ ရင်းနှီးကြတာ ရှိတယ်။ MIC ကို လာတယ်ဆိုတာက Government Process တွေပြီးမှ လာတာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ပြောကြားသည်။

Most Recent