အောင်မြေသာစံမြို့နယ်တွင် စည်ပင်ခွင့်ပြုချက် မရှိသည့် အလုံပိတ်အခန်းများအား အရေးယူ

အောင်မြေသာစံမြို့နယ်တွင် စည်ပင်ခွင့်ပြုချက် မရှိသည့် အလုံပိတ်အခန်းများအား အရေးယူ
Published 1 September 2017

ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်တွင် စည်ပင်ခွင့်ပြုချက်မရှိဘဲ အလုံပိတ်အခန်းနှင့် တဲများဖွင့်လှစ်နေမှုအား အရေးယူခဲ့ကြောင်း နယ်မြေရဲစခန်းမှ သိရသည်။

စည်ပင်သာယာရဲတပ်ဖွဲ့ (မန္တလေး) မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်း(အမှတ် ၁)မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သြဂုတ် ၃၀ ရက် မွန်းလွဲ ၂ နာရီက အောင်မြေသာစံမြို့နယ်၊ ၅၇ လမ်း၊ ၁၆ လမ်းနှင့် ၁၇ လမ်းကြား၊ မြို့ပတ်လမ်းရေနီမြောင်းအနီး၊ ဒေါနဘွားရပ်ကွက်တွင်ရှိသည့် အအေးဆိုင်တွင် အလုံပိတ်အခန်း/ တဲများပြုလုပ်ကာ လုပ်ငန်းများဆောင်ရွက်နေကြောင်း သတင်းအရ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ စစ်ဆေးတွေ့ရှိတာကတော့ အတွင်းဘက်အလုံပိတ်တဲရှစ်လုံး၊ အပြင်ဘက်မှာ အလုံပိတ်ခန်းခြောက်ခန်းပါ။ အခန်းထဲမှာတော့ ဆိုဖာတို့၊ အဲယားကွန်းတို့၊ ပန်ကာတို့တွေ့ပါတယ်။ စည်ပင်ရဲနဲ့ ပူးပေါင်းဖမ်းဆီးတာပါ။ အမှုနဲ့ပတ်သက်ပြီး စည်ပင်ရဲကိုပဲ လွှဲလိုက်တာပါ” ဟု နယ်မြေရဲစခန်း(အမှတ် ၁) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အလုံပိတ်ခန်း/ တဲများအား အချိန်ပြည့်စုံတွဲများဖြင့် အခကြေးငွေ ရယူကာဆောင်ရွက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

Most Read

Most Recent