<

ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အန္တရာယ်မှ ဟိန္ဒူဘာသာဝင်များအား ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကောင်မတီ ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ လသာကျေးရွာမှ ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၇၀ ၊ လူဦးရေ ၃၀၀ ခန့်အား ARSA အစွန်းရောက် အကြမ်းဖက်သမားများမှ ရန်ပြုပိတ်ဆို့ထားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အပြင်စည်းလုံခြုံရေး၊ လမ်းကြောင်း လုံခြုံရေးနှင့် အနီးကပ် လုံခြုံရေးတို့ဖြင့် ဘေးကင်းရာသို့ ယနေ့ (သြဂုတ် ၃၁ ရက်) မွန်းလွဲပိုင်းက ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် ဘူးသီးတောင်မြို့နယ်၊ ငါးရံ့ချောင်းကျေးရွာမှ ဟိန္ဒူဘာသာဝင် ၁၉၉ ဦးခန့်အားလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ဘေးကင်းရာသို့ ပြောင်းရွှေ့ပေးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
 

August 31, 2017














Copy Protected by Chetan's WP-Copyprotect.