ဒေါ်လာဈေးပြန်ကျလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀ သိန်းအောက် ပြန်ရောက်

ဒေါ်လာဈေးပြန်ကျလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀ သိန်းအောက် ပြန်ရောက်
Published 26 September 2018

ကမ္ဘာ့ရွှေဈေးသည် စက်တင်ဘာ ၂၅ ရက်တွင် ဒေါ်လာ ၁၂၀၀ ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး  ဒေါ်လာဈေးပြန်ကျလာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၀ သိန်းအောက် (ကျပ် ၉၉၇၅၀၀) အထိ ကျဆင်းလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ်  သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် တင်ထားသောစံချိန်ကို သြဂုတ် ၂၃ ရက်မှ စတင်ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံးဖြစ်ပေါ်သည်။ ထို့နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး  စက်တင်ဘာ ၁၁  မှစတင်ကာ ရွှေဈေးနှုန်း စံချိန်သစ်များ ထပ်တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိမြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် ၉၃၇၀၀၀၊ ဇန်နဝါရီ ၉ ရက်တွင် ၉၃၈၀၀၀ ဝန်းကျင်ဖြစ်ပေါ်နေသော ပြည်တွင်းရွှေဈေးသည် ဇန်နဝါရီ ၂၅ ရက်တွင် ၉၅၅၇၀၀ အထိမြင့်တက်ခဲ့ကာ ဖေဖော်ဝါရီ ၁၅ ရက်တွင် ၉၄၄၆၀၀၊ မတ် ၇ ရက်တွင် ၉၄၁၂၀၀၊ မတ် ၃၁ ရက်တွင် ၉၃၉၅၀၀၊ ဧပြီ ၁၉ ရက်တွင် ၉၄၈၄၀၀၊ မေ ၉ ရက်တွင်  ကျပ်  ၉၃၈၀၀၀၊ ဇွန် ၆ ရက်တွင် ၉၃၂၉၀၀၊ ဇူလိုင် ၃ ရက်တွင် ၉၃၄၁၀၀၊ ဇူလိုင် ၂၆ ရက်တွင် ကျပ် ၉၅၀၅၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၈၅၀၀၀ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀ ဖြင့် ဈေးကွက်သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးအဖြစ် စံချိန်သစ်ဖြစ်ပေါ်ခဲ့သည်။

ပြီးခဲ့သည့်သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက ဇွန်လအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၃၁၇၀၀ (ဇွန် ၅ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၉၃၉၅၀၀ (ဇွန် ၁၅ ရက်)၊ ဇူလိုင်လအတွင်း ပြည်တွင်း ရွှေဈေး အနိမ့်ဆုံးနှုန်းကျပ်  ၉၃၄၁၀၀ ( ဇူလိုင် ၃ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၅၀၅၀၀ (ဇူလိုင် ၂၆ ရက်)၊ သြဂုတ်လအတွင်း ပြည်တွင်းရွှေဈေးနှုန်း အနိမ့်ဆုံးနှုန်း ကျပ် ၉၄၇၃၀၀ (သြ ဂုတ် ၆ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၉၈၅၀၀၀ (သြဂုတ် ၂၈ ရက်)တို့ ဖြစ်သည်။ ကမ္ဘာ့ရွှေဈေး သည် ဇွန်လဆန်းမှစ၍ အကျပိုင်းသို့ ရောက်လာပြီး သြဂုတ်လလယ်တွင် ၁၁၇၄ ဒေါ်လာဝန်းကျင်အထိ ကျဆင်းခဲ့ကာ စက်တင်ဘာ ၂၄ ရက်တွင် ဒေါ်လာ ၁၂၀၀ ဝန်းကျင် ဖြစ်ခဲ့သည်။

Most Read

Most Recent