ဗဟိုစာတိုက်ကြီးနှင့် တာမွေစာတိုက်တို့မှတစ်ဆင့် မူးယစ်ဆေးဝါး ပို့ဆောင်မှု အပါအဝင် တစ်ပတ်အတွင်း မူးယစ်တရားခံ ၃၈၀ ကျော် ဖမ်းဆီးရမိကြောင်း သမ္မတရုံး ထုတ်ပြန်

ဗဟိုစာတိုက်ကြီးနှင့် တာမွေစာတိုက်တို့မှတစ်ဆင့် မူးယစ်ဆေးဝါး ပို့ဆောင်မှု အပါအဝင် တစ်ပတ်အတွင်း မူးယစ်တရားခံ ၃၈၀ ကျော် ဖမ်းဆီးရမိကြောင်း သမ္မတရုံး ထုတ်ပြန်
Published 25 September 2018

ဗဟိုစာတိုက်ကြီးနှင့် တာမွေစာတိုက်တို့မှတစ်ဆင့် မူးယစ်ဆေးဝါး ပို့ဆောင်မှု အပါအဝင် တစ်ပတ်အတွင်း မူးယစ်တရားခံ ၃၈၀ ကျော် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သည်။

ရန်ကုန်မြို့ ဗဟိုစာတိုက်ကြီးနှင့် တာမွေစာတိုက်သို့ ပြည်ပမှ ပို့ဆောင်လာသည့် စာအိတ်တစ်ခုစီအတွင်းမှ အက်တက်စီပုံဆောင်ခဲ ၁၀၀ ဂရမ်၊ ဆေးခြောက် ၂၅ ဂရမ်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း၊ သီးခြားဖော်ထုတ် ဖမ်းဆီးမှု စုစုပေါင်းမှာ စက်တင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ မူးယစ်အမှု ၁၉၆ မှုတွင် တရားခံ ကျား ၃၃၇ဦး၊ မ ၄၈ ဦး စုစု ပေါင်း ၃၅၈ ဦး ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများသည် ဘိန်းဖြူ ၇၃၄၇ ဒသမ ၈၅ဂ ရမ်၊ အိုက်စ် ၁၀၀၀၂၂ ဒသမ ၉၇ ဂရမ်၊ ဘိန်း ၅၉၆ဒသမ ၄၃ဂရမ်၊ ဘိန်းစာမှုန့် ၅၉၉၅၇၂ ဒသမ ၃၉ ဂရမ်၊ စိတ်ကြွဆေးပြား ၃၅၁၇၆၉ ပြား၊ စိတ်ကြွဆေးပြား အကြေမှုန့် ၃၉၅ ဂရမ်၊ ဆေးခြောက် ၄၀၂၅ ဒသမ ၇၁ဂ ရမ်၊ ဘိန်းရည် ၀ ဒသမ ၃၆ လီတာ၊ ဘိန်းဆီခဲ ၅၀ ဂရမ်၊ ကတ်တမင်း ၀ ဒသမ ၃၈ ရမ်၊ အက်တက်စီပုံဆောင်ခဲ ၁၀၀ ဂရမ် ဖမ်းဆီးရမိခဲ့သည်။

ယင်းအပြင် ANTHRANILIC ACID ၂၈၀၀ လီတာ၊ ဆာလဖျူရစ်အက်စစ် ၁၂ လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်စစ် ၄၀၀ လီတာ၊ အက်စီတုန်း ၁၁၀၀ လီတာ၊ 1-PHENYL- 2-PROPANONE ၄၀၀ လီတာ၊ အီသိုင်းအီသာ ၂၈၄၄ လီတာ၊ N-ACETYLAN-THRANILIC ACID ၁၀၀၀ လီတာ၊ လွိုက်ဇော ၈၀ လီတာ၊ ဓာတုဆေးမှုန့် ၁၀ ဂရမ်၊ လေအိုး ၂၀ လုံး၊ မြေဆီအိတ် ၃၀ အိတ်တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စာတိုက်မှ တစ်ဆင့်ပို့ဆောင်သည့် ဖြစ်စဉ်မှာ ယခင်ကလည်း တစ်ကြိမ်ဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်ရှိလက်ခံမည့်လိပ်စာ အတူတူဖြစ်သဖြင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးရမိကာ ကွင်းဆက်တရားခံနှစ်ဦး တိမ်းရှောင်ဆဲဖြစ်ကြောင်း၊ ပြည်ပမှ ပေးပို့လာသည့် လူပုဂ္ဂိုလ် လိပ်စာများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာနိုင်ငံ ရဲတပ်ဖွဲ့များသို့ သတင်းပေးပို့ကာ အရေးယူနိုင်ရေး ဆောင်ရွက်ထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent