ကချင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်ခြောက်မျိုး၊ ရှမ်းငါးမျိုးတို့အတွက် ဒေသန္တရသင်ရိုး ရေးဆွဲ

ကချင်ပြည်နယ်ရှိ ဌာနေတိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်ခြောက်မျိုး၊ ရှမ်းငါးမျိုးတို့အတွက် ဒေသန္တရသင်ရိုး ရေးဆွဲ
Published 25 September 2018

ကချင်ပြည်နယ်အတွက် ဌာနေ တိုင်းရင်းသားများ ဖြစ်ကြသည့် ကချင်ခြောက်မျိုး၊ ရှမ်းငါးမျိုးတို့၏ ရိုးရာဝတ်စုံ၊ အစားအစာ၊ အသုံးအဆောင်နှင့် မြစ်ချောင်းအင်းအိုင် စသည့်ကဏ္ဍများ ပါဝင်သော ဒေသန္တရသင်ရိုး ရေးဆွဲနေကြောင်း သိရသည်။

သင်ရိုး ရေးဆွဲရာတွင် ပါဝင်သည့် ကချင်ပြည်နယ် ပညာရေးဌာနမှ ပြည်နယ် လက်ထောက် ညွှန်ကြားရေးမှူး ဦးလှညွန့်က “အခု မူကြမ်းက Grade 1 ကနေ 3 အထိပေါ့။ Grade 1 တော့ပြီးပြီ။ ကျန်တာရေးဆွဲဆဲပါ။ ကချင်ပြည်နယ်မှာက ကချင်တိုင်းရင်းသား ခြောက်မျိုး၊ ရှမ်းတိုင်းရင်းသား ငါးမျိုးကို အခြေတည်ပြီး ရေးဆွဲတာပါ။ ရိုးရာဝတ်စုံ၊ အစားအစာ၊ အသုံးအဆောင်၊ မြစ်ချောင်းအင်းအိုင်၊ အထင်ကရပုဂ္ဂိုလ်ပေါ့။ တိုင်းရင်းသား တစ်မျိုးစီရဲ့ အထင်ကရ ပုဂ္ဂိုလ်က ၁၁ ဦးစီဆိုတော့ Grade 3 အထိဆိုရင် ၃၃ ဦးပါမယ်။ ဒေသကို၊ မျိုးနွယ်ကို ချစ်ခင်လေးစားလာအောင်၊ တိုင်းရင်းသားတွေရဲ့ ဓလေ့၊ ထုံးတမ်းတွေကို မြတ်နိုးတတ်အောင် သင်တာပါ။ မြန်မာစကားနဲ့ပဲ သင်မှာ။ တွဲဖက်သင်ရိုး အနေနဲ့ပေါ့။ တစ်ပတ်မှာ ငါးကြိမ်ပေါ့။ တိုင်းရင်းသား ဘာသာစကားက သုံးချိန်၊ ဒေသန္တရသင်ရိုးက နှစ်ကြိမ်ပေါ့”ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန် စသည့် ပြည်နယ်များတွင် ဒေသန္တရ သင်ရိုးများ ရေးဆွဲနေပြီး ဒီဇင်ဘာလတွင် သင်ကြားမည့် ဆရာ၊ ဆရာမများကို မွမ်းမံသင်တန်းများ ပေးမည်ဖြစ်သည်။

Most Read

Most Recent