တစ်ပတ်ပေါင် (၅၀၀၀၀၀)ရရှိနေသော်လည်း အသင်းအတွက် အကျိုးမပြုနိုင်သည့် ဆန်းချက်ဇ်ဘက်မှ ပေါ့ဘာ ကာကွယ်

တစ်ပတ်ပေါင် (၅၀၀၀၀၀)ရရှိနေသော်လည်း အသင်းအတွက် အကျိုးမပြုနိုင်သည့် ဆန်းချက်ဇ်ဘက်မှ ပေါ့ဘာ ကာကွယ်
Published 25 September 2018

မန်ယူအသင်း၏ ကွင်းလယ်လူ ပေါ့ဘာသည် ပရီးမီးယားလိဂ်တွင် လစာငွေအများဆုံးအဖြစ် တစ်ပတ်ပေါင် (၅၀၀၀၀၀)ရရှိနေသော်လည်း ခြေစွမ်းပြနိုင်ခြင်းမရှိသည့် အလက်ဆစ်ဆန်းချက်ဇ်ဘက်မှ ကာကွယ်ပြောဆိုမှုများပြုလုပ်သွားခဲ့သည်။

အလက်ဆစ်ဆန်းချက်ဇ်သည် ဝုလ်ဗ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်တွင် ခြေစွမ်းမပြနိုင်သဖြင့် လူစားလဲခံခဲ့ရသလို၊ ယင်းပွဲစဉ်တွင် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဂိုးပေါက်ပျောက်ဆုံးမှုမှာ မိနစ် (၈၃၀)ကျော်အထိရှိလာခဲ့ပြီ ဖြစ်သည်။

ယင်းအတွက်ကြောင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရရာ ပေါ့ဘာက " အလက်ဆစ်ဟာအလွန် ကြိုးစားတဲ့သူပါ။ လေ့ကျင့်ရေးကွင်းမှာလည်း သူအရမ်းကောင်းပါတယ်။ သူက အသင်းကို အမြဲတမ်းကူညီချင်တဲ့ ကစားသမားဖြစ်ပြီး အသင်းပိုကောင်းလာဖို့အတွက် ဆွေးနွေးမှုတွေ အမြဲတမ်းပြုလုပ်လေ့ရှိပါတယ်။ ခင်ဗျားကိုယ်တိုင်လည်း ကစားဟန်မတူတဲ့ အသင်းတစ်သင်းမှာ နှစ်ပေါင်းများစွာ ကစားလာတဲ့အခါ ပုံစံသစ်မှာ အံဝင်ခွင်ကျဖြစ်ဖို့ အချိန်လိုအပ်ပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်အတွက်လည်း အချိန်လိုအပ်ပါတယ်။ မကြာခင်မှာ သူ့ရဲ့အကောင်းဆုံးပုံစံကို အားလုံး မြင်တွေ့ရပါလိမ့်မယ် " ဟု ပြောကြားခဲ့သည်။

Most Read

Most Recent