စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နှစ် အခွန်လျာထားချက်တွင် ကျပ် ၆၅၁၈ ဘီလျံကျော် ရရှိခဲ့ပြီး လျာထားသည့် ကျပ် ၅၁၄၃ ဘီလျံကျော်ထက် ကျပ် ၁၃၇၅ ဘီလျံကျော် ပိုမိုရရှိ

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နှစ် အခွန်လျာထားချက်တွင် ကျပ် ၆၅၁၈ ဘီလျံကျော် ရရှိခဲ့ပြီး လျာထားသည့် ကျပ် ၅၁၄၃ ဘီလျံကျော်ထက် ကျပ် ၁၃၇၅ ဘီလျံကျော် ပိုမိုရရှိ
Published 8 July 2017

ပြည်ထောင်စု အခွန်အကောက်ရငွေ၏ ရာခိုင်နှုန်း ၈၀ ကျော် ကောက်ခံပေးနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နှစ်ဘဏ္ဍာနှစ် အခွန်လျာထားချက်တွင် ပထမခြောက်လပတ်၌ ကျပ် ၁၉၄၅ ဒသမ ၀၈၅ ဘီလျံသာ အခွန်ရရှိထားသော်လည်း ဒုတိယခြောက်လပတ်တွင် ကျပ် ၄၅၀၀ ဘီလျံကျော် ရရှိကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လျာထားချက်ဖြစ်သည့် ကျပ် ၅၁၄၃ ဘီလျံကျော်ထက် ကျပ် ၁၃၇၅ ဘီလျံကျော် ပိုမိုရရှိကာ ကျပ် ၆၅၁၈ ဘီလျံကျော်အထိ ရရှိခဲ့ကြောင်း သိရသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခွန်အကောက်ရငွေများမှာ ပထမခြောက်လပတ်တွင် တစ်နှစ်လုံး ရည်မှန်းချက်ဖြစ်သည့် ကျပ် ၅၁၄၃ ဒသမ ၀၇၄ ဘီလျံ၏ ၃၇ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ထိုသို့လျော့နည်း ရရှိသည့်အတွက် အပြည့်အ၀ ရရှိရေး ဖိဖိစီးစီး ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

Most Read

Most Recent