ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

ထားဝယ်ခရိုင် ကံပေါက်ဒေသတွင် မိုးကြိုးပစ်ခံရ၍ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ
Published 24 September 2018

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကံပေါက်ဒေသရှိ မောရဝတီရေတပ်စခန်း ဌာနချုပ်အနီး ဟိန်းဇဲချောင်းအတွင်းတွင် စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီကျော်က ကျောက်ချရပ်နားထားသော ငါးဖမ်းလှေတစ်စင်း မိုးကြိုးပစ်ခံရမှုကြောင့် နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ အုန်းပင်ကွင်းရွာနေ ဦးဝင်းရွှေ၊ မောင်ရီဝင်းထွန်း နှင့် ဦးထွန်းမြင့်တို့သုံးဦးမှာ စက်တင်ဘာ ၂၁ ရက်မှစ၍ အုန်းပင်ကွင်းချောင်းမှတစ်ဆင့် ဟိန်းဇဲချောင်းအတွင်းသို့ ငါးဖမ်းပိုက်ထောင်ရန်ထွက်ခွာသွားခဲ့ပြီး စက်တင်ဘာ ၂၂ ရက်ညနေ ၅ နာရီတွင် မောရဝတီရေတပ်စခန်း ဌာနချုပ်ဆိပ်ခံတံတား (အမှတ်-၂ ဗျူဟာစစ်ရေယာဉ်စုဆိပ်ခံတံတား) ၏ တစ်ဖက်ကမ်း၌ ပိုက်ချ၍ ကျောက်ချရပ်နားထားခဲ့ကာအလျား ၁၈ ပေ အနံ ၆ ပေရှိ လှေအတွင်း အိပ်နေခဲ့ကြောင်း၊ ညနေ ၆ နာရီ ၁၅ မိနစ်တွင် သုံးဦးတန်းစီ၍ အိပ်ပျော်နေသည့် ငါးဖမ်းလှေကို မိုးကြိုးပစ်ခြင်းခံခဲ့ရပြီး မောင်ရီဝင်းထွန်းနှင့် ဦးထွန်းမြင့်တို့ သေဆုံး၍ ဦးဝင်းရွှေ၌ ခြေတောက်တွင်ဒဏ်ရာရရှိ၍ ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။ “စစ်သင်္ဘောတွေရှိတဲ့ဘက်ကို အကူအညီတောင်းဖို့ဆိုပြီးတော့။ ရေလယ်လောက်ရောက်တော့ စက်ကပျက်သွားတယ်။ ဒီတော့လှော်တက်နဲ့လှော်လာပြီးတော့မှ ကယ်ကြပါဦးအော်ပြီး စစ်သင်္ဘောနားကိုရောက်တော့မှ စစ်ရေယာဉ်အမှတ်  ၅၅၈ က ဗိုလ်မှူးပြည့်စုံအောင်နဲ့စစ်သည်တွေကနေပြီး သူတို့ကိုကယ်တာ။ ကယ်ပြီးကုန်းပေါ်တင်၊ ရှေးဦးလူနာပြုစုနည်းတွေနဲ့ ပြုစုပြီး တောက်လျှောက်မော်တော်ယာဉ်တွေနဲ့ အမှတ် ၁၃ တပ်မတော်ဆေးရုံကို ပို့လိုက်တယ်။ ဆေးရုံရောက်လို့ ဆရာဝန်တွေ စမ်းသပ်ကြည့်တော့ ရီဝင်းထွန်းနဲ့ ဦးထွန်းမြင့်တို့က သေနေပြီ။ ဦးဝင်းရွှေမှာတော့ ခြေတောက်ပဲနည်းနည်း ဒဏ်ရာရတာပေါ” ဟု ကံပေါက်နယ်မြေ ရဲစခန်းမှူး ဒုရဲအုပ်ဝင်းမြင့်စံက ဆိုသည်။

Most Read

Most Recent