ပုဂံဒေသရှိ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သဘောတူလက်မှတ်ရေးထိုး

ပုဂံဒေသရှိ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံ သဘောတူလက်မှတ်ရေးထိုး
Published 24 September 2018

ပုဂံဒေသရှိ ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညုဘုရား ပြန်လည်ပြုပြင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြန်မာနိုင်ငံတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ခုနှစ် သြဂုတ်လ ၂၄ရက်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ ထိခိုက်ပျက်စီးခဲ့မှုများရှိခဲ့ရာ ဉာဏ်တော်အမြင့်ဆုံး စေတီတစ်ဆူဖြစ်သော သဗ္ဗညုဘုရားလည်း ထိခိုက်ပျက်စီးမှုတွင် ပါရှိခဲ့ပါသည်။ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုရှိခဲ့သော သဗ္ဗညုဘုရားအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရမှ မြန်မာနိုင်ငံနှင့်ပူးပေါင်း၍ ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်မည့် တရုတ်-မြန်မာနှစ်နိုင်ငံ သဘောတူ စာလွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ၂၂ရက်တွင် သဗ္ဗညုဘုရား အာရုံခံလိုဏ်အတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းရေး စာလွှာလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး Mr.Hong Liang နှင့်တာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာ တာဝန်ခံဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနအမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ညွှန်ကြား ရေးမှူးချုပ်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပုဂံညောင်ဦး ဒေသလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent