နာဂဒေသတွင် ကလေးငယ်များ သေဆုံးရခြင်းမှာ လမ်းပန်းခက်ခဲခြင်း၊ ထိရောက်သောကုသမှုမရရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်းကြောင့် ရောဂါ၏နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

နာဂဒေသတွင် ကလေးငယ်များ သေဆုံးရခြင်းမှာ လမ်းပန်းခက်ခဲခြင်း၊ ထိရောက်သောကုသမှုမရရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်းကြောင့် ရောဂါ၏နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်
Published 23 September 2018

ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေသည့် နာဂဒေသတွင် ပြည်သူ့ကျန်းမာရေးဌာန ကွင်းဆင်းအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်

နာဂဒေသတွင် ကလေးငယ်များ သေဆုံးရခြင်းမှာ လမ်းပန်းခက်ခဲခြင်း၊ ထိရောက်သော ကုသမှုမရရှိခြင်းနှင့် အာဟာရချို့တဲ့ခြင်းကြောင့် ရောဂါ၏နောက်ဆက်တွဲ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ရာသီတုပ်ကွေး၏ နောက်ဆက်တွဲ ပြင်းထန် အဆုတ်ရောင်ရောဂါဖြင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၇ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ လန်သန်းကျေးရွာတွင် ကလေးငယ်လေးဦးနှင့် ပေါ်ကွန် ကျေးရွာတွင် ကလေးငယ်တစ်ဦးတို့ သေဆုံးမှုနှင့် ပတ်သက်၍ သြဂုတ် ၂၉ ရက်မှ စတင်ကာ ကျန်းမာရေးနှင့်  အားကစားဝန်ကြီးဌာန ဗဟိုအဆင့် ကွင်းဆင်းအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကွင်းဆင်းအဖွဲ့သည် ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ ကွင်းဆင်း၍ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရာသီတုပ်ကွေးရောဂါဖြစ်ပွားသူ လူနာများကို ထပ်မံရှာဖွေခဲ့ရာ လန်သန်းကျေးရွာတွင် လူနာ ၆၄ ဦး၊ ပေါ်ကွန်ကျေးရွာတွင် လူနာ ၂၂၈ ဦး၊ ရှန်ဟဲနုတ်ညိုကျေးရွာတွင် လူနာ ၁၀၀၊ စုစုပေါင်း လူနာ ၃၉၂ ဦးတွေ့  ရှိခဲ့ပြီး လိုအပ်သော ကုသမှုများဆောင်ရွက်ခဲ့ကြောင်းနှင့် ပေါ်ကွန်ကျေးရွာမှ ကလေးငယ်ငါးဦးနှင့် ရှန်ဟဲနုတ်ညိုကျေးရွာမှ ကလေးငယ်လေးဦး၏ နှာခေါင်းတို့ဖတ် နမူနာများ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ စစ် ဆေးတွေ့ရှိရသော ဓာတ်ခွဲအဖြေများအရ ပေါ်ကွန်ကျေးရွာမှ လေးဦးနှင့် ရှန်ဟဲနုတ်ညို ကျေးရွာမှ လေးဦးတွင် ရာသီတုပ်ကွေး ရောဂါပိုးတွေ့ရှိရပြီး ကွင်းဆင်းအဖွဲ့သည် ယင်းကျေးရွာများတွင် ဆေးကုသမှုပေးသည့် အပြင် ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နန်းယွန်းမြို့နယ်အတွင်း ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါ ကူးစက် ဖြစ်ပွားခဲ့ပြီး ကလေးငယ်များသေဆုံးရခြင်းမှာ လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း၊ ရောဂါ ဖြစ်ချိန်တွင် ထိရောက်သောကုသမှုမရရှိ ခြင်းနှင့် အာဟာရချို့တဲ့ခြင်းကြောင့် ရောဂါ ၏နောက်ဆက်တွဲ ပြင်းထန်သည့်အဆုတ် ရောင်ရောဂါဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် နန်းယွန်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ပတ်ဝန်းကျင် ကျေးရွာများတွင်ရာသီတုပ်ကွေးနှင့် အခြား ကူးစက်ရောဂါများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် သတင်းအချက်အလက်ရယူခြင်း၊ ရာသီတုပ်ကွေးရောဂါ ကူးစက်ပုံနှင့် ကာကွယ်ရေးနည်းလမ်းများအား ပညာပေးခြင်းနှင့် ဆေးကုသမှုပေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး စက်တင်ဘာ ၁၁ ရက် နောက်ပိုင်းတွင်  အစုလိုက် ရာသီတုပ်ကွေးရောဂါ ထပ်မံဖြစ်ပွားမှုမရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။

ရောဂါဖြစ်ပွားမှုရှိနေသည့် နာဂဒေသ ကျေးရွာအချို့အပါဝင် အနီးတစ်ဝိုက်ရှိရွာများသို့ လိုအပ်သည့် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၊ဗဟိုကွင်းဆင်း အဖွဲ့ ကွင်းဆင်းလုပ်ဆောင်လျက်ရှိ  သည်။

လက်ရှိ ရောဂါဖြစ်ပွားရာ ကျေးရွာများတွင် ရာသီတုပ်ကွေးရောဂါ အပါအဝင် လိုအပ်သည့် ဓာတ်ခွဲနမူ နာများရယူ၍ ရောဂါသတ်မှတ်ချက် အတည်ပြုခြင်း၊ ကူးစက် ရောဂါဖြစ်ပွားမှု ကာကွယ်ထိန်းချုပ်ခြင်း၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ စသည်တို့ ဆောင်ရွက်ရန် နာဂဒေသရှိ ကျေးရွာများသို့ ကွင်းဆင်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Most Recent