ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၁၀ အထိ ပြန်လည်ကျဆင်း

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း ၉၄ ပွိုင့်အောက်ကျပြီး နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၁၀ အထိ ပြန်လည်ကျဆင်း
Published 23 September 2018

ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေး ကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

စက်တင်ဘာ ၂၁ ရက်တွင် ကမ္ဘာ့ဒေါ် လာဈေးအညွှန်းကိန်း ၉၃ ဒသမ ၇၉ ပွိုင့်ဖြင့် တစ်ပတ်တာဈေးပိတ်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်၌ ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေ လဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၆၁၀ အထိပြန်လည် ကျဆင်းခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာကျပ်ငွေတန်ဖိုးသည်  ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ထိုင်းဘတ်၊ တရုတ်ယွမ်နှင့် စင်ကာပူဒေါ်လာ စသည့်ငွေကြေးများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ ဆက်လက် အားပျော့နေသည်။

ပြီးခဲ့သည့် ငါးလအတွင်း အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေးအညွှန်း ကိန်းများမှာ မတ်တွင် ၉၀ ဒသမ ၃၇ ပွိုင့်၊ ဧပြီတွင်  ၉၁ ဒသမ ၇၁ ပွိုင့်၊ မေတွင် ၉၄ ဒသ မ ၈၃ ပွိုင့်၊ ဇွန်တွင် ၉၅ ဒသမ ၂၁ ပွိုင့်ဖြစ်ပြီး ဇူလိုင်တွင် ၉၅ ဒသမ ၃၉ ပွိုင့်၊ သြဂုတ်တွင် ၉၆ ဒသမ ၈၅ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ခဲ့ကာ စက်တင်ဘာ ၁၇ ရက်တွင် ၉၅ ပွိုင့်အောက်၊ စက်တင်ဘာ ၂၁ ရက်တွင် ၉၄ ပွိုင့်အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ဇွန်လမှစတင်ကာ သိသိသာသာမြင့် တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ် စံချိန်ကို ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀  ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀  ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက် တွင်  ၁၆၂၂ ကျပ်၊ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံးစံချိန်ထပ်တင် ခဲ့သည်။ ဒေါ်လာဈေးသည် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိကျဆင်းခဲ့သော် လည်း သြဂုတ် ၂၈ ရက် တွင် ကျပ် ၁၅၆၀၊ စက်တင်ဘာ ၁၂ ရက်တွင် ကျပ် ၁၅၇၀၊ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင် ၁၆၂၂ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ ဆက်တက်ခဲ့ပြီး စက်တင်ဘာ ၂၂ ရက်တွင် ကျပ် ၁၆၁၀ အထိကျဆင်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇွန် ၁၁ ရက်တွင် ဖြစ်ပေါ်သော တစ် ဒေါ်လာ ၁၃၄၆ ကျပ်နှင့် စက်တင်ဘာ ၂၀ ရက်တွင်ဖြစ်ပေါ်သော တစ်ဒေါ်လာ  ကျပ် ၁၆၅၀ နှင့်နှိုင်းယှဉ်ပါက သုံးလကျော် အတွင်း ၃၀၄ ကျပ်၊ ၂၂ ရာခိုင်နှုန်းကျော် ကျပ်ငွေ တန်ဖိုး ကျဆင်းခဲ့သည်။

၂၀၁၈ ခုနှစ် မေလမှစတင်ကာ ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း သိသိသာသာ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်ပြီး  ပြည်တွင်းဈေးကွက်၌ ငါးလအတွင်း လအလိုက် ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်း အနိမ့်ဆုံးနှင့် အမြင့်ဆုံး နှုန်းများမှာ ဧပြီတွင် ၁၃၂၄-၁၃၃၂ ကျပ်၊ မေတွင် ၁၃၃၂-၁၃၅၁ ကျပ်၊ ဇွန်တွင် ၁၃၄၅-၁၄၀၇၊ ဇူလိုင်တွင် ၁၃၈၄-၁၄၄၃၊ သြ ဂုတ်တွင် ၁၄၄၂-၁၅၇၀ တို့ဖြစ်ပြီး သြဂုတ် လတွင် ကွာဟချက်အများဆုံးဖြစ်ခဲ့သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၁  ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ တစ်ဒေါ် လာ ကျပ် ၁၅၉၇ ဖြစ်ပြီး စက်တင်ဘာ ၁၉ ရက်ဈေးနှုန်းထက် ၁၉ ကျပ် မြှင့်တင်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းဈေးကွက်အတွင်း စက်တင် ဘာ ၂၂ ရက်တွင် ဖြစ်ပေါ်သော အခြားနိုင်ငံခြား ငွေကြေးများ၏ လဲလှယ်မှု နှုန်းထားများမှာ ယူရို ၁၈၉၀ ကျပ်၊ စင်ကာပူဒေါ်လာ ၁၁၉၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၉၀ ကျပ်၊ ထိုင်း ဘတ် ၅၀ ဒသမ ၅၀ ကျပ်၊ တရုတ်ယွမ် ၂၃၄ ကျပ်၊ ဂျပန်ယန်း ၁၄ ဒသမ ၃၀ ကျပ်၊ တောင်ကိုရီးယား ဝမ် ၁ ဒသမ ၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent