မေယုတောင်ပေါ်တွင် ပိတ်မိနေခဲ့သည့် မြဝတီကျေးရွာသားများ မင်းကြီးကျေးရွာသို့ တပ်မတော်နှင့်အတူ ရောက်ရှိ

မေယုတောင်ပေါ်တွင် ပိတ်မိနေခဲ့သည့် မြဝတီကျေးရွာသားများ မင်းကြီးကျေးရွာသို့ တပ်မတော်နှင့်အတူ ရောက်ရှိ
Published 31 August 2017

မေယုတောင်ပေါ်တွင် ပိတ်မိနေခဲ့သည့် မြဝတီကျေးရွာသားများကို သြဂုတ် ၂၉ ရက် ညနေ ၃ နာရီခန့်က တပ်မတော်မှ ရှာတွေ့ရှိခဲ့ပြီး မြဝတီကျေးရွာတွင် တစ်ညအိပ်ကာ သြဂုတ်လ ၃၀ ရက် ညနေ ၈ နာရီတွင် တပ်မတော်နှင့်အတူ တစ်ရွာလုံး ထွက်ခွာလာပြီး မင်းကြီးကျေးရွာသို့ ယနေ့ (သြဂုတ် ၃၁ ရက်) နံနက် ၉ နာရီတွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့ တစ်ရွာလုံး မြဝတီရွာကနေ မနေ့က ညနေ ၈ နာရီကတည်းက ထွက်လာကြတာပါ။ ည ၁၁ နာရီမှာ လမ်းခရီး တစ်နေရာမှာ စုပြုံနေခဲ့ရတယ်။ မိုးလင်းမှ ဆက်ထွက်လာတာ နံနက် ၉ နာရီမှာ မင်းကြီးကျေးရွာကို ရောက်ပါတယ်။ မင်းကြီးရွာကနေ ဆက်သွားလို့ မရတော့လို့ အခု မင်းကြီးရွာမှာ ဆက်ပိတ်မိနေတဲ့ သဘောပါ။ မင်းကြီးရွာနားမှာက ဘင်္ဂါလီရွာ ကပ်လို့ရှိနေပါတယ်။ ရွာသားတွေကလည်း ရွာမှာညမအိပ်ဘဲ တောင်ပေါ်က ဘုန်းကြီးကျောင်းမှာ စုနေကြတယ်။ ကျွန်တော်တို့ကို ဘေးကင်းရာကို ကယ်ထုတ်ပေးစေချင်ပါတယ်” ဟု မြဝတီကျေးရွာမှ ထွက်ပြေးလာသည့် ကျောင်းဆရာတစ်ဦးက ပြောကြားခဲ့သည်။

 

Most Read

Most Recent