၂၀၁၈ ခုနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၆၈ ဘီလျံကျော်အထိရှိသော်လည်း ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ ကျော် လျော့ကျလျက်ရှိ

၂၀၁၈ ခုနှစ် စက်တင်ဘာလလယ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၆၈ ဘီလျံကျော်အထိရှိသော်လည်း ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ ကျော် လျော့ကျလျက်ရှိ
Published 22 September 2018

ရန်ကုန်မြို့ရှိ အိမ်ရာအဆောက်အအုံများကို တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

၂၀၁၈ခုနှစ် စက်တင်ဘာလလယ်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုမှာ ကျပ်၉၆၈ဘီလျံကျော်အထိ ရှိသော်လည်း ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ကျော် လျော့ကျလျက်ရှိကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“ဒီကြားကာလခြောက်လမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ဒေါ်လာ ၁ ဒသမ ၆ ဘီလျံ ကျော်ရတယ်။ မြန်မာနိုင်ငံသားကလည်း ၉၇၄ ဘီလျံကျော်ရတယ်” ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာနမှတာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။

၂၀၁၈ခုနှစ် စက်တင်ဘာလလယ်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၆၈၈၆၆ သန်းကျော် ဝင်ရောက်ထားပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိတွင် ကျပ် ၁၄၇၂၉၁၈ သန်းကျော်အထိဝင်ရောက်ခဲ့သဖြင့် ယခုနှစ်လက်ရှိအချိန်တွင်မူ ယခင်နှစ်ကာလတူထက် ကျပ်ဘီလျံ ၅၀၀ ကျော် လျော့ကျနေခြင်း ဖြစ်သည်။

ယခုနှစ်အတွင်း ကဏ္ဍအလိုက် ဝင်ရောက်မြှုပ်နှံမှုတွင်  ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ်၁၂၈၀၅၈ ဒသမ ၃၀၃ သန်း၊ စက်မှုကဏ္ဍတွင် ကျပ် ၁၈၀၄၆၁ ဒသမ ၈၉၀ သန်း၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ကျပ် ၁၈၁၈၈၈ ဒသမ ၅၃၁သန်း၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၆၉၂၉၅ ဒသမ ၆၆၀၊ အခြား ဝန်ဆောင်မှုကဏ္ဍတွင် ကျပ်၃၆၅၀၇၂ဒသမ ၉၁၀သန်း၊ သတ္တုတူးဖော်ရေးကဏ္ဍတွင် ကျပ်၂၅၇၅၀သန်း၊ လယ်ယာကဏ္ဍတွင် ကျပ်သန်း၇၀၀၊ လျှပ်စစ်ဓာတ်အားကဏ္ဍ တွင် ကျပ် ၁၇၆၃၉ သန်းကျော်အထိ ဝင်ရောက်ထားသည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ် စက်တင်ဘာလလယ်အထိ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍတွင် ကျပ် ၅၂၇၈၄ ဒသမ ၁၆၃ သန်း၊ စက်မှုကဏ္ဍတွင် ကျပ် ၁၉၅၇၁၇ ဒသမ ၄၅၅သန်း၊  ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင်  ကျပ် ၃၈၈၉၆၆ ဒသမ ၁၅၀ သန်း၊ အိမ်ယာအဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှုကဏ္ဍတွင် ကျပ် ၁၅၆၈၈၃ ဒသမ ၃၇၀ သန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ကျပ် ၁၃၄၅၆ ဒသမ၅၁၆သန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၇၆၇၇၃ဒသမ၃၃၇သန်း၊ အခြားဝန်ဆောင်မှုကဏ္ဍတွင် ကျပ် ၃၀၇၅၅၅ ဒသမ ၈၈၅ သန်း၊ စက်မှုဇုန်တည်ဆောက်မှုကဏ္ဍ တွင် ကျပ်၂၂၂၅၄၅ ဒသမ ၄၅၀သန်း၊ လယ်ယာကဏ္ဍတွင်ကျပ်သန်း ၄၀၀၊ လျှပ်စစ်ဓာတ်အားကဏ္ဍတွင် ကျပ်၅၇၈၃၅ဒသမ ၉၇၄ သန်း         အထိ ဝင်ရောက်ထားသည်။

၂၀၁၈ခုနှစ် ဧပြီမှ စက်တင်ဘာလလယ်အထိ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ဒသမ ၆၅ ဘီလျံကျော်နှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ကျပ် ၉၇၄ဘီလျံကျော်အထိ ဝင်ရောက် မြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

ဧပြီမှ စက်တင်ဘာ၁၅ ရက်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြု၊ အတည်ပြုပေးခဲ့မှုမှာ  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၇၇ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ  ၉၃၄  ဒသမ ၁၀၂ သန်း၊ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၄၇၉ ဒသမ ၆၉၈ သန်းဖြစ်ရာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁၆၅၀ဒသမ  ၇၉၈ သန်း ဖြစ်သည်။

ဧပြီမှ  စက်တင်ဘာ ၁၅ ရက်အထိ  မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၄ ခု ဒေါ်လာ ၁၈၆ ဒသမ ၆၅၅ သန်းအပါအဝင် ကျပ် ၉၀၉၉၅၄ ဒသမ၇၇၄ သန်းကို  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှခွင့်ပြု၊ အတည်ပြုပေးခဲ့ပြီး  ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်း အပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၂၁၃  ဒသမ  ၉၀၃  သန်းအပါအဝင်၌ ကျပ်  ၉၇၄၉၅၈ ဒသမ ၆၃၄ သန်းကို  ခွင့်ပြုပြီးဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်     နှံမှုကော်မရှင်က သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent