မောင်တောမြို့တွင် ပုဂ္ဂလိကဘဏ်များ ပိတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်

မောင်တောမြို့တွင် ပုဂ္ဂလိကဘဏ်များ ပိတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ် ဖွင့်လှစ်
Published 31 August 2017

မောင်တောမြို့ပေါ်တွင် သြဂုတ်လ ၂၅ ရက်နေ့မှစ၍ ပုဂ္ဂလိကဘဏ်များ ပိတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ်မှာ ပိတ်ထားခြင်းမရှိဘဲ ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

မောင်တောမြို့တွင် မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ရှိရာ သြဂုတ်လ ၂၅ ရက်နေ့မှစ၍ ပုဂ္ဂလိကဘဏ်များ ပိတ်ထားသော်လည်း မြန်မာ့စီးပွားရေးဘဏ်မှာ ပိတ်ထားခြင်းမရှိဘဲ ဖွင့်လှစ်လျက်ရှိနေခြင်း ဖြစ်သည်။

အလားတူ ဌာနဆိုင်ရာရုံးများလည်း တရားဝင်ပိတ်ထားခြင်း မရှိကြောင်းနှင့် ဘင်္ဂါလီရပ်ကွက်တွင်ရှိသည့် ဌာနဆိုင်ရာရုံး တစ်ချို့တွင် ရုံးလုပ်ငန်းများကို နေရာရွှေ့ပြောင်း လုပ်ဆောင်နေကြပြီး မြို့နယ်ပညာရေးမှ ပညာရေးဝန်ထမ်းလစာကို မောင်တောမြို့တွင်း အမှတ် ၁ မူလွန်ကျောင်းတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

သြဂုတ်လ ၂၅ ရက်နေ့က ၃ မိုင်ရပ်ကွက်ရှိ ခရိုင်ပညာရေးမှူးရုံးမှ ညစောင့်ဝန်ထမ်းတစ်ဦးသည် မြို့သူကြီး ဘင်္ဂါလီရွာကိုဖြတ်၍ မြို့တွင်းသို့ ပြန်လာစဉ် ပျောက်ဆုံးနေကြောင်းလည်း သိရသည်။

Most Read

Most Recent