နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးက ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြမည်

နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးက ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြမည်
Published 19 September 2018

နိုင်ငံတော်၏ အခြေအနေအရပ်ရပ် နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တစ်ဦးက ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်းတင်ပြမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၌  ပြုလုပ်လျက်ရှိသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေးသည် ယနေ့ပြီးဆုံးမည်ဖြစ်ပြီး လွှတ်တော်အစီအစဉ်တွင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်၏ ရှင်းလင်းတင်ပြမည့်အစီအစဉ် ပါရှိလာခြင်းဖြစ်သည်။

“ဒါကတော့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကိုတင်ပြမယ့် အစီအစဉ်ပါ။ နိုင်ငံတော်ရဲ့ စီးပွာရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး အကုန်လုံးပေါ့။ ဒါတွေနဲ့ ပတ်သက်ပြီးအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို လွှတ်တော်ကိုလာပြီး တင်ပြတာပေါ့” ဟု ပြည်သူ့လွှတ်တော်လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းပဒေများအရ နိုင်ငံတော်၏ အခြေနေအရပ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့က လာရောက်ရှင်းပြလိုလျှင် လွှတ်တော်သို့ စာဖြင့်အကြောင်းကြား၍ရပြီး လွှတ်တော်က လာရောက်ရှင်းလင်းစေချင်ပါက အကြောင်းကြားနိုင်ကြောင်း ဒေါက်တာလှမိုးက ဆိုသည်။

ထိုသို့ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် တစ်ဦးက ရှင်းလင်းတင်ပြရန်အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ခိုင်လုံသောအတည်ပြုချက်များ ရရှိခဲ့ခြင်းမရှိပေ။

 

Most Read

Most Recent