ဘိုကလေးမြို့မရဲစခန်း အချုပ်ဖောက်ပြေးသည့် အမျိုးသား သုံးဦးအနက် တစ်ဦးအား လှိုင်သာယာမြို့နယ်တွင် ဖမ်းမိ

ဘိုကလေးမြို့မရဲစခန်း အချုပ်ဖောက်ပြေးသည့် အမျိုးသား သုံးဦးအနက် တစ်ဦးအား လှိုင်သာယာမြို့နယ်တွင် ဖမ်းမိ
Published 19 September 2018

ဖမ်းဆီးရမိခဲ့သည့် တရားခံ လှဦးအား တွေ့ရစဉ် (ဓာတ်ပုံ - Yangon Police Facebook)

ဘိုကလေးမြို့မရဲစခန်း အချုပ်ဖောက်ပြေးသည့် အမျိုးသား ၃ ဦး အနက် (၁)ဦးအား စက်တင်ဘာ ၁၈ ရက်၊ ညနေပိုင်းက  လှိုင်သာယာမြို့နယ်တွင် ဖမ်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လှိုင်သာယာမြို့နယ်၊ သောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ နှင့် ပူးပေါင်းအဖွဲ့က လှိုင်သာယာမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာလမ်း၊ သမကုန်းအဝိုင်းအနီးတွင် ပိတ်ဆို့စစ်ဆေးနေစဉ် မသင်္ကာ အမျိုးသားတစ်ဦး တွေ့ရှိ၍ စစ်ဆေးခဲ့ကြောင်း၊ ၎င်းအမျိုးသားမှာ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့မရဲစခန်းမှ အချုပ်ဖောက်ထွက်ပြေးလာသူဖြစ်ပြီး (ပ)၃၄၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်လှစ်ခံထားရသူ ဘိုကလေးမြို့နယ်နေ လှနိုင်ဦး၊ (၃၃)နှစ် ဖြစ်ကြောင်း သိရသည်။

ထို့နောက် အချုပ်ဖောက်ပြေးထွက်ပြေးလာသူ လှနိုင်ဦးအား ဧရာဝတီတိုင်းဒေသကြီး ၊ ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ယင်းနေ ညနေ ၅ နာရီ ၂၅ နာရီခန့်တွင် လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent