၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ဖိုး ဒေါ်လာ ၂၂ သန်းကျော် ပိုမိုတင်ပို့ထား

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ဖိုး ဒေါ်လာ ၂၂ သန်းကျော် ပိုမိုတင်ပို့ထား
Published 8 July 2017

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သုံးလအတွင်း ပြည်ပသို့ ကျောက်စိမ်းတင်ပို့မှုမှ ဒေါ်လာ ၂၃ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူထက် တန်ဖိုး ဒေါ်လာ ၂၂ သန်းကျော် ပိုမိုရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ဒီဘဏ္ဍာနှစ် ဇွန်လကုန်အထိ ကျောက်စိမ်းတင်ပို့မှုကနေ ဒေါ်လာ ၂၃ ဒသမ ၃၉၉ သန်း ရရှိထားပါတယ်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ကာလတူက ကျောက်စိမ်းတင်ပို့မှုကနေ ဒေါ်လာ ၀ ဒသမ ၇၄၆ သန်းသာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီဘဏ္ဍာနှစ် လက်ရှိအချိန်အထိက မနှစ်က ကာလတူထက် ဒေါ်လာ ၂၂ ဒသမ ၆၅၃ သန်းအထိ ကျောက်စိမ်းတင်ပို့မှုက တိုးတက်လာတာ တွေ့ရပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

Most Read

Most Recent